Unicode..
"ဂျောင်..ဂျောင်ဂု မင်း ဘာ..ဘာတွေပြောနေတာလဲ"
ဂျောင်ဂုပြောနေတာတွေ သူနားမလည်နိုင်ဘူးဖြစ်နေတယ်
မနေ့ညကထိသူ့အပေါ်မုန်းနေတဲ့ ဂျောင်ဂုအခုသူကို
တောင်းပန်နေတာ..သူငြိမ်နေတော့ ဂျောင်ဂုထပ်ပြီး"ကျွန်တော် စိတ်ရင်းနဲ့တောင်းပန်ပါတယ် ဆော့ဂျင်"
"ဂျောင်ဂု အခုမင်းမုန်းပါတယ်ဆိုတဲ့ လူကိုတောင်းပန်နေတာလား ဒါကရော ငါကိုနှိပ်စက်မယ့် နည်းလမ်းထဲကတစ်ခုပဲမ
လား""ဟုတ်တယ် မုန်းခဲ့တယ် အဲ့တာအရင်ကပါ အခုခင်ဗျားအပေါ် အမုန်းမရှိတော့ပါဘူး "
"ငါ..ငါ မယုံရဲဘူးဂျောင်ဂု ဘာလို့ဆို မနေ့ကထိမင်းအတွေးထဲမှာ ငါကိုဘယ်လိုနှိပ်စက်မယ် ဘယ်လို၀မ်းနည်းအောင်လုပ်မယ်ဆိုပြီးပဲတွေးခဲ့တာမလား အခုတော့ ငါကိုမမုန်းတော့ဘူး မနှိပ်စက်တော့ဘူး ဆိုတာက"
"ကျွန်တော် နားလည်ပါတယ် အဲ့အရင်ကအကြောင်းတွေမပြောပဲနေရအောင်လား"
".........."
"ဒီနေ့တစ်ရက်တော့ ဒီမှာနေရအုံးမယ် မနက်ဖြန်ကျရင်တော့ ဆင်းခွင့်ရပြီ "
"ဒီနေ့ ဆင်းလို့မရဘူးလားဟင် ဆေးရုံမှာနေရတာမကြိုက်ဘူး စိတ်ကျဉ်းကျပ်လို့ပါ"
"မရဘူး.... ကျွန်တော်အိမ်ပြန်ပီ ခင်ဗျားအတွက်လိုအပ်တာတွေ သွားယူခဲ့မယ် ခုနလောက်ပြန်နားနေလိုက်"
"အွန်းး"
________________________________
သူလည်း ပျင်းနေတာနဲ့ ဟိုဘီဆီ ဖုန်းဆက်လောက်တော့
ချက်ချင်းမကိုင် နောက်တစ်ခါထပ်ခေါ်တော့မှ"ရားးး မင်းဖုန်းကိုင်ဖို့ကို ဘာလို့အဲ့လောက်တောင်ကြာနေရတာလဲ "
"Sorry ကွာ ငါရေချိုးနေလို့ ဟီးဟီး"
"အမြဲဆင်ခြေတွေနဲ့ "
"အဲ့တာထားပါ မင်းတို့နှစ်ယောက်အဆင်ပြေနေပြီလား မနေ့ကမင်းတို့ တစ်လပြည့် anniversary မလား"
"ဒီလိုပါပဲကွာ အဆင်ပြေပါတယ် "
"ဟုတ်လို့လား မင်းအသံက ဖျော့တော့တော့နဲ့ အားမရှိသလိုပဲ တစ်ခုခုဖြစ်ထားမှန်းသိသာနေတာကို"
![](https://img.wattpad.com/cover/340411424-288-k378951.jpg)
YOU ARE READING
အချစ်လား....သူပေါ့
FanfictionJk- မောင်မင်းကို အရမ်းချစ်တယ် ဂျွန်ဆော့ဂျင် Jin- အွန်း ငါယုံတယ်မောင်