Unicode..
ဒီနေ့ ဂျောင်ဂုက meetingရှိတာကြောင့်
အစောကြီးထသွားပြီသူကိုတော့ အရေးကြီးနေတာကြောင့် ဘာမှတော့မပြောဘူးသူလည်းမနက်စာလုပ်ပေးထားပေမယ့် မစားသွားတာကြောင့်
သူပဲစားလိုက်တော့တယ်နေ့လယ်စာလည်း ချက်ပြီးပြီဆိုတော့ ဘာအလုပ်မှမရှိတာကြောင့်
ဟိုဘီဆီဖုန်းဆက်ဖို့ပြင်လိုက်တယ်
"ဟယ်လို..."
"ဟိုဘီ နေကောင်းလားဟျောင့်"
"ငါ့ကိုကိုက ရှယ်ချစ်ပေးနေတော့ ကောင်းတာပေါ့"
"ဒီ..!"
"မင်းရောအဆင်ပြေရဲ့လား....ဂျောင်ဂုနဲ့ရောအဆင်ပြေတယ်မလား"
"အင်း.....ဒီလိုပါပဲကွာ"
"အစမို့လို့ပါကွာ ဂျောင်ဂုမင်းကိုတစ်နေ့တော့ချစ်လာမှာပါ"
"မင်းပြောသလိုဖြစ်ပါစေပဲ ဆုတောင်းရတာပေါ့ကွာ...အဲ့ဆိုငါဖုန်းချလိုက်တော့မယ်နော် ပျင်းလို့မင်းဆီဆက်လိုက်တာ"
"အမလေးနော် သတိရလို့များလို့ ဟွန့်"
"စတာပါကွာ သတိမရပဲနေမလား အေအဲ့ဆိုဒါပဲဟျောင့်...."
"Ok...Ok"
ဟိုဘီဖုန်းချသွားတော့ သူလည်းအလုပ်ဆက်လုပ်ရမှာပေါ့
မဟုတ်ရင်ပြန်လာရင် သူအပြစ်ပြောခံရလိမ့်မယ်
_________________________အချိန်အားဖြင့် ညနေ5နာရီ သူလည်းတစ်အိမ်လုံးနီးပါး
ရှင်းပြီးသွားပြီ ဂျောင်ဂုအလုပ်လုပ်တဲ့စာဖတ်ခန်းပဲကျန်တော့တယ်သူလည်း အခန်းထဲ၀င်ပြီး စာအုပ်စင်တွေကို သုတ်လိုက်တယ်
ပြီးတော့စားပွဲရှင်းနေရင်း အံဆွဲဖွင့်ပြီးရှင်းဖို့လုပ်တော့
တွေ့လိုက်ရတာ ယူနာနဲ့ဂျောင်ဂု ဂျောင်ဂုကပုခုံးကနေပြီးဖက်ထာပြီး ယူနာကဂျောင်ဂုခါးကိုကိုင်ထားတယ် ဂျောင်ဂုဘယ်လောက်တောင်ပျော်နေလဲဆို ယုန်သွားလေးနှစ်ချောင်းကသက်သေပင်"မင်းအပျော်တွေကငါကြောင့် ပျက်စီးကုန်တာလား ဂျောင်ဂုရယ်ငါမင်းကို ချစ်လွန်းလို့ပိုင်ဆိုင်ခဲ့ချင်ယုံပါပဲ ဟူးးးးးးး"

YOU ARE READING
အချစ်လား....သူပေါ့
FanfictionJk- မောင်မင်းကို အရမ်းချစ်တယ် ဂျွန်ဆော့ဂျင် Jin- အွန်း ငါယုံတယ်မောင်