ZB1 ဆိုတဲ့အဖွဲ့လေး က သိပ်မကြာခင်အချိန်ခဏတွင်းမှာပဲ လျှန်းလျှန်းတောက် အောင်မြင်လာခဲ့ပြီး အခုဆို နိုင်ငံကျော်ယုံမက ကမ္ဘာပါကျော်နေခဲ့လေပြီ...
အောင်မြင်လာလေလေ အပြုအမူအပြောအဆိုတွေက ထိန်းရလေလေမို့ Camera ရှိနိုင်တဲ့ Area အတွင်း ယူဂျင်း အပေါ်အရင်လို အပြုအမူတွေ မလုပ်ဝံ့တော့... ယူဂျင်း က ယောင်္ကျားတယောက်ဆိုတာ မေ့မထားစေဖို့နဲ့ အသက်ငယ်ပါစေဦး သူများကိုမှီခိုနေရတဲ့ လူအဖြစ် တခြားသူတွေအားမမြင်စေလိုတာ ကျွန်တော့ အတ္တ... ကျွန်တော့ ဆန္ဒ...
************
Japan တွင် Fan Meeting အပြီး Organizer မှစီစဉ်ပေးထားသည့်Hotel တွင်ပြန်နားရန်လာနေကြ၏... ကိုယ့်နယ်မြေ ကိုယ့်နိုင်ငံမဟုတ်တော့ ဟိုဟိုဒီဒီလည်းမသွားတတ်... ပင်ပန်းခဲ့သမျှအိပ်ရန်သာ စိတ်ဆန္ဒရှိနေကြ၏...ရောက်ရောက်ချင်းနေ့ပဲ တခါတည်း ပရိတ်သတ်တွေနဲ့ တွေ့ဆုံစေခဲ့သည်မို့ Hotel ကို အခုမှ ရောက်လာခဲ့ရခြင်းသာ... သတ်မှတ်ပေးထားသည့် အခန်းက ယူဂျင်း နဲ့အတူတူ မဟုတ်သောကြောင့် ဂယူဘင်း တယောက် မအီမလည်နှင့် ဗိုက်နာသလိုလို ရွှေပျောက်သလိုလို ...
စုတ်သတ်လိုက် မျက်နှာဖိပွတ်လိုက် ဆံပင်ကိုလှန်လိုက်နဲ့ ကုံးကုံးကွကွ လုပ်နေသည်မို့ အဖွင့်ဝင်များက ဂယူဘင်း အကြောင်းသိနေသူပီပီ စချင်လာကြ၏..." ဟေ့ကောင် အိမ်သာတက်ချင်နေတာလား
မင်းကြည့်ရတာ မအီမသာနဲ့..."ဂွန်ဝူး ၏ ပြုံးချင်သလိုလို နဲ့ နောက်တောက်တောက်အမေးအား အားမရှိသလို အတည်ကြီးပြန်ဖြေလာခဲ့သည်...
" မဟုတ်ပါဘူး ... ငါဒီအခန်းမကြိုက်လို့လေ..."
Hotel ကပေးထားသည့် sensor lock card အားကြည့်ကာ ပြောလာသည့် ဂယူဘင်း ကြောင့် အဖွဲ့ဝင်တွေအကုန် မျက်လုံးပြူးကုန်ကြ၏...
" ဟေ... ဘာလို့တုန်း ဂယူဘင် ကရောက်ဖူးလို့လား အဲဒီအခန်းက ဘာဖြစ်လို့လဲ"
ထုံစံအတိုင်း ခပ်အေးအေးလူလူမေးလာသည့် ဟာအို အမေးကိုလည်း အူတူတူ ခေါင်းခါပြကာ