ဂယူဘင်း တစ်ယောက် တဒိန်းဒိန်းထိုးကိုက်နေသည့်ခေါင်းကြောင့် ညကသောက်တာနဲနဲလွန်သွားသည်ကို သတိပြုမိသည်.... ဖြတ်ခနဲမြင်ယောင်လိုက်သည့် နီထွေထွေနှုတ်ခမ်းတို့ကြောင့် အလန့်တကြားပင် ဖွင့်ဖို့ကြိုးပမ်းနေရသည့် မျက်ဝန်းများအား အကြမ်းပတမ်းပိတ်ချလိုက်ရပီ..." ဘာတွေလဲ..."
အစီအရီ ခေါင်းထဲတရိပ်ရိပ်ပေါ်လာနေ့သည်က ရုပ်ရှင်ပိတ်ကားချပ်လို မနေ့ညက ပုံရိပ်တွေကအထပ်ထပ်...
" ကျွတ်..."
မူးလာရင် အလွန်အကျွန် ပလပ်ကျွတ်တတ်တာ ကိုယ့်ကိုကိုယ်သိပါရက်နဲ့ ထပ်သောက်ခဲ့မိသည့် ကိုယ့်ကိုကိုယ်သာ အထပ်ထပ်အပြစ်တင်မိသည်..
စားပွဲခုံပေါ်ကနာရီကိုကြည့်လိုက်တော့ မနက် ၉ နာရီအတိကို ဖော်ညွှန်းနေသည့် နာရီလက်တံများကြောင့် အမြန်ထလိုက်ရကာ အခန်းထဲဝေ့ဝဲရှာမိတော့ ထူးဆန်းစွာ အကုန်လုံး တယောက်မှရှိမနေခဲ့...
" ဘယ်ရောက်ကုန်ကြတာလဲ..."
တကိုယ်တည်းရေရွတ်မိရင်း ရေးချိုးခန်းဘက်ထွက်လာခဲ့လိုက်သည်...
မှန်ပေါ်မြင်နေရသည့် ခပ်အစ်အစ်မျက်နှာနှင့်အတူ နှုတ်ခမ်းပေါ်အကြည့်ရောက်မိတော့ ဒိန်းခနဲ ဆောင့်ခုန်သွားရသည့် နှလုံးသားလေး...
" အဟား.... ငါတော့ရောဂါကျွမ်းနေပီ... "
ဘေဇင်ဘောင်ပေါ်လက်ထောက်ကာ ခပ်နွဲ့နွဲ့အမူအယာနှင့် ခပ်သောသောရယ်မိတော့သည်...
မျက်နှာအား သဘက်ဖြင့်ဖိသုတ်နေရင်း အခန်းအပြင်ထွက်လာခဲ့လိုက်တော့ မျက်နှာမသာမယာနှင့် ကျွန်တော့အားကြည့်နေသည့် ဂွန်ဝူး...
" ဂယူဘင်း.... မင်းမြန်မြန်လုပ် Meeting ခန်းထဲ ဥက္ကဌ နဲ့ ဘုတ်အဖွဲ့တွေစောင့်နေတယ်..."
" ဟင် ကိစ္စရှိလို့လား...."
" မင်း ကိုပြောမလို့စောင့်နေကြတာလေကွာ... သူတို့ပြောတာနားထောင်လိုက်ပေါ့ မင်းပီးပီမလား မြန်မြန်လာ..."
ဂွန်ဝူးရဲ့ လောနေမှုကြောင့် ဘာမှဖီးလိမ်းပြင်ဆင်ချိန်မရလိုက်ပါဘဲ ကသိုက်ကရိုက် လိုက်ပါလာခဲ့ရတော့သည်...