ဒီရက်ပိုင်း ဂယူဘင်းတစ်ယာက် တက်တက်ကြွကြွနဲ့ တခါတလေ တစ်နေရာတည်းအားစူးစိုက်ကြည့်ကာပြုံးပြုံးကြီးလုပ်နေပုံက ဆယ်ပြားလိုနေသလိုလို... တစ်ယောက်ပြီးတစ်ယောက်အသံသွင်းနေကြပြီး နည်းပြတွေနဲ့ အပိုအလိုညှိနေကြပေမယ့် ဂယူဘင်း တယောက်ပဲ အရင် Character များနဲ့ဆန့်ကျင်စွာ အေးအေးလူလူနဲ့ တပြုံးပြုံး...
" ဟေ့ကောင် မင်းဘာဖြစ်နေတာလဲ မှိုရတဲ့မျက်နှာနဲ့ ထီတွေဘာတွေများပေါက်ထားလား..."
ရစ်ကီ ရဲ့အမေးအား တအံ့တဩဖြင့် ပြူးကြောင်ကာ...
" ငါအရမ်းသိသာနေလား"
" သိသာတာပေါ့ အရင်ရက်တွေကတော့ မင်းက ဆပ်ပြာသည် လင်ပျောက် သလိုလို... ဖြစ်နေတာလေ...ခုကျ မှိုရသလိုမျက်နှာနဲ့.... လူတိုင်းသွားမေး မင်းကျပ်မပြည့်ဘူးပဲမြင်ကြမှာ..."
ရစ်ကီ ၏ အဖြေမှာ ဂယူဘင်းတယောက်ငြိမ်ကျသွားရတော့သည်။ အနေအထိုင်မတတ်လို့စစ်လားဆေးလားဆို ကိုယ်ပဲထိခိုက်မှာမဟုတ် ယူဂျင်းလေးပါ အနေအထိုင်ကျုံ့ရမှာ.... အဆက်မပြတ်စောင့်ကြည့်နေတဲ့ Staff တွေက ဘာမဆိုလုပ်ကြမဲ့သူတွေ...
အခုမှ ကျွန်တော့ နှလုံးသားလေးက နလန်ထစလေးပဲရှိသေးတာ.... ထပ်ပြီးအထိအခိုက်ခံလို့မဖြစ်....
" မဟုတ်ပါဘူးကွာ.... ငါတို့ နောက်သီချင်း Album ထွက်တော့မှာမို့ တွေးကြည့်ရင်းပျော်လို့ပါ..."
ကျွန်တော့လျောက်လွှဲချက်အား သိပ်ပြီးဘဝင်ကျဟန်တော့မပြ.... ကျွန်တော့အားစေ့စေ့ကြည့်ကာ နောက်ပြန်လမ်းလျှောက်သွားသော Ricky ကြောင့် ကျော်ရိုးတလျှောက် စိမ့်ခနဲ...
အမူအယာတွေက... ငါသိနေတယ်နော်ဆိုတဲ့အထာတွေ ....
ဟူး ချစ်ရတာမလွယ်ကူလိုက်တာများဗျာ... ဘယ်ဘက်ကြည့်ကြည့်နောက်ကျောမလုံချင်....
အသံသွင်းပြီးလို့ ထမင်းစားခန်းထဲ ဖင်ချင်းပေါက် ကာ ၉ ယောက်စလုံးအလုပ်တွေရှုပ်နေကြ၏။ အသံသွင်းပြီးသွားလို့ စားချင်တာစားလို့ရပြီမို့ ဥက္ကဌ၏ ခွင့်ပြုချက်ဖြင့် အကင်လုပ်စားရန်ပြင်ဆင်နေကြခြင်းဖြစ်သည်။