ဇာတ်လမ်းတွဲပြသည့် အပတ်တိုင်း မလျော့သောဇွဲတို့ဖြင့် ပြန်စာမလာသူအားလစ်လျှူရှုကာ ပို့မြဲပို့ဆဲ။ စိမ်းကားသူကတော့ ရက်စက်စွာ ကြည့်တောင်ကြည့်မနေခဲ့ပါ။ ဒီလိုလေးအတိုင်းပဲ နေ့တွေရက်တွေကုန်ဆုံးလာခဲ့ပါပြီ။ ချစ်နေရရင်ပြီးရောဆိုတာမှန်မနေခဲ့မှန်း ကုန်ဆုံးလာတဲ့အချိန်တွေအရ မပြောင်းလဲလာတဲ့စိတ်တွေကြောင့် သိရှိနေနိုင်ခဲ့ပြီ။
ဘာပဲဖြစ်ဖြစ်ပုန်းနေသူအားရှာဖွေဖို့ ကျွန်တော်ကြိုးပမ်းပါတော့သည်။ ခရီသွား passport က Company ကပဲသိမ်းထားသည်မို့ ဘယ်လိုလှည့်ထုတ်ရမလဲတွေးနေတုန်းမှာ ကံကြမ္မာက မျက်နှာသာပေးလာခဲ့ပါသည်။မိုးကောင်းကင်ကြီးက ကျွန်တော့ကိုလစ်လျူရှုမနေတော့ဘူးပဲ။ ကံကောင်းလို့တော့မဖြစ်နိုင် အထပ်ထပ်ဆုတောင်းမှာ နာပူလို့သာဖြစ်မည်။
" ဂယူဘင်း သားတရုတ်ပြည်သွားရမယ်..."
" ဗျာ..."
ဆိုင်းကလုန်းမုန်တိုင်းထက်ပြင်းသောနှုန်းဖြင့် မြန်လာနေသည့် နှလုံးခုန်သံလေး။ ကျွန်တော့ရဲ့ ရုပ်ပျက်ဆင်းပျက်အံဩသွားခြင်းအား ဘယ်လိုကောက်ချက်ချလိုက်လဲမသိပေ။ မသွားချင်ဘူးထင်ဟန်ဖြင့်..." တရုတ်ပြည်ဘက်က မင်းသမီးနဲ့ ဇာတ်လမ်းတွဲရိုက်ရမှာ... အဲဘက်က director က သား ကိုရွေးချယ်ကမ်းလှမ်းထားလို့... ဒီတစ်ခုတော့ သားငြင်းလို့မရဘူး ... Company ဘက်ကလက်ခံလိုက်ပြီ"
ခါတိုင်း တအားဂျီးများတတ်သူက ခေါင်းလေးငုံ့ကာ မင်းသမီးကဘယ်သူဘယ်ဝါဆိုတာတောင်မေးဖော်မရ... တအားစိတ်ဓာတ်ကျသွားဟန်...
" ဂယူဘင်းရာ.... ဟိုရောက်ရင် သူငယ်ချင်းတွေနဲ့လဲတွေ့ရမှာလေ ... ဘာဖြစ်လဲ ဇာတ်လမ်းအရှည်မှမဟုတ်တာ Mini ဇာတ်လမ်းတိုလေးပဲ ဘယ်လောက်မှမကြာဘူး... အဲလောက်စိတ်ဓာတ်ကျမနေနဲ့... များများစားစားပြင်ဆင်ဖို့လဲမလိုဘူး Idol နဲ့ Fan ကြားက Romance လေးကိုရိုက်ပြတာလောက်ပဲ။ mood လေးပဲသွင်းရမှာ... ပေါ့ပေါ့ပါးပါး movie plots လေးပဲ... ပြီးတော့ သား နဲ့ ဂျာကြီးလည်းအတူတူလိုက်လိမ့်မယ်..."
ဂျာကြီးလိုက်မယ်ဆိုတော့ အလန့်တကြားမော့ကြည့်မိသည်။ မဖြစ် သူပါရင် ယူဂျင်းရဲ့အရိပ်တောင်တွေ့ရဖို့မလွယ်။ ကျွန်တော်ငြင်းမယ်ကြံတော့...