အဖွဲ့ဝင်များရဲ့ ဖန်တီးပေးတဲ့အခွင့်အရေးလေးကို ကျွန်တော်နဲ့ hyeong ကတော့ ကောင်းကောင်းကြီးကိုအသုံးချတော့သည်။
နှစ်ယောက်သားပျောက်နေပြီဆို အဖွဲ့ဝင်များကချစ်ဖို့ကောင်းစွာ သူတို့ပါ တစ်ယောက်တစ်နေရာ တကွဲတပြား လူခွဲနေတော့သည်။
မေးကြည့်တော့ မင်းတို့ပျောက်တာ မသိသာအောင်တဲ့လေ။
ကြည့်စမ်းပါဦးဗျာ ဒီလို လူသားတွေနဲ့ ဆုံစည်းခွင့်ပေးတဲ့ကံကြမ္မာကို သိပ်ကျေးဇူးတင်မိရတော့သည်။ ဘယ်လောက်တောင် ချစ်ဖို့ကောင်းကြလဲလူသားလေးတွေလဲလို့။
————————-
ဂယူဘင်းဝင်သွားသည့် Toilet ဘက်သို့ ယူဂျင်းတယောက်ယောင်လည်လည်နှင့် ဟိုကြည့်ဒီကြည့်ဖြင့် ခပ်တည်တည်ဝင်လိုက်ဖြစ်သွားသည်။
CCTV လွတ်ကင်းတဲ့နယ်မြေဆိုလို့ ဒီနေရာလဲပဲရှိတာမို့။
" hyeong"
ကျွန်တော့ကိုမြင်တော့ ထုံးစံအတိုင် အူလည်လည်နဲ့ကြည့်လာသည့် ကျွန်တော် သိပ်ချစ်ရသူကြီး...
ကျွန်တော် ရှက်ဝဲဝဲ ခေါက်ကုတ်ရယ်မိတော့...
မျက်ခုံးတစ်ဖက်ပင့်တက်ကာ ကျွန်တော့ မျက်နှာကို သူ့လက်အစုံဖြင့် ဆုပ်ကိုင်လာရင်း" ယူဂျင်းလေးက ကိုယ့်ဆီလိုက်လာတယ်"
ခါတိုင်း hyeong ကပဲ လိုက်ဖက်လိုက်တွယ်လုပ်တတ်လို့ အခုလို သူနောက်လိုက်လာသည့်အပေါ် စိတ်လှုပ်ရှားနေသည့်ဟန်။
" အင်း... လွမ်းလို့..."
ကျွန်တော် မျက်လွှာချကာ မပွင့်တပွင့်အပြောမှာ ခေါင်းမော့ရယ်မောသွားသည့် hyeong ၏ ပုံရိပ်လေးက ပန်းချီကားချပ်သဖွယ် နှစ်လိုစရာအတိ။
" ဆေးများစားမှားလာတာလား ကိုယ့်ခလေးက"
ရယ်လျှက်ပြောလာသူအား လက်သီးတစ်ချက် ရင်ဘတ်တစ်နေရာသို့ ပစ်ဝင်လိုက်ရင်း
" တကယ်ပါဆိုဗျာ..."
ဖျက်ခနဲ့ နဖူးအား ငုံ့နမ်းလာခဲ့သည့် ကျွန်တော့ရဲ့ hyeong..
" အခုလိုလေး ပွင့်လင်းလာပေးလို့ ဆုချတာ..."
စကားသံများကြားသည်မို့ နှစ်ယောက်သားမျက်လုံးချင်းဆုံမိသွားရင် အရေးအကြောင်းဆို အမြဲ ကြောင်အနေတတ်သည့် hyeong အား toilet အခန်းထဲသို့ဆွဲထည့်လိုက်ရတော့သည်။