ကျွန်တော်တို့နှစ်ယောက်အကြောင်းအား company ဘက်မှ ငြင်းဆိုချက်ထုတ်ပြန်သည့်အချိန်မှာပဲ ထိုင်းနိုင်ငံသို့ ZB1 concert ပွဲ အတွက် ၃ ရက်လောက်သွားဖျော်ဖြေခဲ့ရသည်။ အရာရာအတိုင်းက ပုံမှန်လည်ပတ်နေကြပေမယ် ယူဂျင်း အားမြင်နေရက်နဲ့ ကမ္ဘာခြားနေခဲ့ရသည်က ကျွန်တော် မှာ စားမဝင် အိပ်မပျော်စေခဲ့...
မျက်တွင်းဟောက်ပက်နှင့် ဆာလောင်နေသည့်စိတ်တို့ကိုလည်း ဘာသိဘာသာပဲ လစ်လျှူရှုဖြစ်ခဲ့ပါသည်။
မခေါ်မပြောဖြစ်သည့် ၄ ရက်လောက်က ၄ နှစ်လောက်ကြာသည့်အလား လွမ်းလွမ်းဆွေးဆွေးနှင့် သနားစရာနှလုံးသားငယ်တို့က နာနာကျင်ကျင်အောင့်မျက်နေခဲ့ပါသည်။
စင်ပေါ်မှဖျော်ဖြေသည့်တိုင် အရင်က ယူဂျင်းဘေးမှာသာ ကော်ကပ်သလိုနေခဲ့တဲ့ကျွန်တော့်မှာ staff များရဲ့ဒေါက်ထောင့်ကြည့်နေသည့်မျက်လုံးများကြောင့် အစွန်းအဖျားမှာသာရပ်နေခဲ့ရသည်။
ခဏခဏဝေ့ဝဲလာသည့် ယူဂျင်း မျက်လုံးများကို ရှောင်ဖယ်နေရသည်ကလည်း ကျွန်တော့အားအပြစ်ဒဏ်ပေးခံထားရသူလို အလူးလူးအလှိမ့်လှိမ့်...
တန်ပြန်သက်ရောက်စေဖို့ နဲနဲလေးမှ ခွန်အားရှိမနေခဲ့... အကုန်လုံးကိုဂရုမစိုက်ဘဲ ယူဂျင်းကို ဆွဲခေါ်ထွက်ပြေးချင်မိတဲ့အထိ...
ကျွန်တော်၏ ညှိုးငယ်နေမှုအပေါ် အဖွဲ့ ဝင်တွေက အကုန်ဖေးမ ဆွဲခေါ်ခဲ့ခြင်းကြောင့်သာ ဖျော်ဖြေပွဲက ဖြစ်ဖြစ်မြောက်မြောက်နဲ့ အထစ်အငေါ့မရှိဘဲပြီးခဲ့ခြင်းသာ...
မအိပ်တဲ့ရက် မစားတဲ့ရက်တွေ ဆက်တိုက်ဖြစ်လာတော့ ခန္ဓာကိုယ်ကြီးက ဇာတိပြဖောက်ပြန်လာလေပြီ။ ပေါင်မုန့်လေးတစ်ကိုက်လောက်ကိုတောင် လက်မခံဘဲ ပျို့တက်လာခဲ့၏...
Restroom အခန်းအားအမြန်ပြေးကာ toilet ထဲခေါင်းငိုက်စိုက်အန်ချမိတော့သည်...
"ဝေါ့...ဝေါ့.."
အစာမရှိတော့ ဗိုက်ထဲက အလှိမ့်လှိမ့်ဆန်တက်နေပေမယ့် အန်လို့မရ ...ခေါင်းကပဲ ရီဝေထိုးကိုက်လာရတော့သည်...
" hyeong အဲလိုဖြစ်နေရင် ဘာလို့ရှောင်ပြေးနေသေးလဲ..."
နားထဲ ယူဂျင်း အသံကလာရိုက်ခတ်၏... ထင်ယောင်ထင်မှားနဲ့များကြားလိုက်မိသလားဆိုသည့် အတွေးအား ကျောပြင်ပေါ်ပွတ်သတ်ပေးလာသည့် လက်ဖဝါးများက မဟုတ်မှန်အတည်ပြုပေး၏...