ဖုန်းဆက်ကာ စားစရာမှာနေသူအား ကြည့်နေမိတာ စက္ကန့်မလပ်။ ဒီလူကို မေ့နေပါပြီလို့ ကိုယ့်ကိုကိုယ် လိမ်ထားခဲ့သမျှ ဒီလူ တရုတ်ပြည်ကိုလာမယ်ဆိုတဲ့ သတင်းစကြားကတည်းက မရပ်မနားခုန်ပေါက်နေခဲ့တဲ့ ရင်ခုန်သံတွေ။ အိပ်မရပြုမရနဲ့ နှိပ်စက်နေခဲ့တဲ့ သူ့ ပုံရိပ်တွေ။
ဒီခံစားချက်တွေ သိုဝှက်သိမ်းဆည်းထားခဲ့တာကြာနေပေမယ့် ပျောက်ပျက်မသွားတဲ့အပြင် မနေ့တနေ့ကလို လတ်ဆတ်နေဆဲ။
ဒီလိုခံစားချက်တွေကြောင့် ကိုယ့်ကိုကိုယ်မုန်းမိပေမယ့် ဘာကြောင့်မှန်းမသိ တစ်ကိုယ်လုံးလဲ တုန်ရီအေးစက်လို့နေကာ လှိုက်ပြီးဆန်တက်လာတဲ့ဝမ်းနည်းမှုတွေ။ တစ်ကိုယ်တည်း တိတ်ဆိတ်ပျောက်ကွယ်ပြီးနေနေခဲ့တာ အသားကျနေပြီလို့ထင်နေခဲ့သမျှ ဒီလူ ကိုမြင်ကတည်းက အသားမကျနိုင်တော့တာ။ တစ်ယောက်တည်းနေတတ်နေပါပြီလို့ ကိုယ့်ကိုကိုယ် အထပ်ထပ်အယုံသွင်းထားခဲ့သမျှ ဒီလူကိုတွေ့ကာမှာ မှာယွင်းနေခဲ့တာတွေ။
****ဟင့်အင်း hyeong ငြင်းမယ်ဆိုလည်းငြင်းပါစေ... မြင်နေရတဲ့ကျောပြင်ကျယ်ကြီးကို သိမ်းဖက်ချင်နေပြီမို့... ဒီတစ်ကြိမ်လေးတော့ စိတ်အလိုလိုက်ခွင့်ပြုပါတော့ဗျာ***
နောက်ကနေတင်းရင်းစွာဖက်တွယ်မိတော့ မှာလက်စများရပ်တန့်သွားပြီးငြိမ်သွားတာမှအကြာကြီး... ရုန်းမထွက်ဘဲငြိမ်ပေးတာနဲ့တင်ကျေးဇူးတင်နေပြီမို့ ဖက်တွယ်ထားတဲ့လက်တွေ လျော့တိလျော့ရဲဖြင့် ဖယ်ခွါရန်ဟန်ပြင်မိတော့ ဖြတ်ခနဲဆုတ်ကိုင်လာခဲ့တဲ့ လက်အစုံ။ ကျွန်တော်လက်တွေကို ဖိဆုပ်ကိုင်ထားသည်က လွတ်သွားမှာစိုးနေသည့်လူလို။ နာနေပေမယ့် ပြောမထွက်။
" လွမ်းနေခဲ့တာ"
hyeong ထံမှ လှိုက်လှိုက်လှဲလှဲပြောလာသည့် အသံက ကျွန်တော့အသွေးအသားတွေအကုန်ပြောင်းပြန်စီးကုန်ကြသလားအောင့်မေ့ရတဲ့အထိ စွမ်းခဲ့ပါသည်။
စကားတွေအများကြီးပြန်ပြောချင်ခဲ့ပေမယ့် ...
" ကျွန်တော်လည်းပဲ"
ထိုမျှလောက်ပဲပြောထွက်လာခဲ့ကာ စကားတွေအစား မျက်ရည်တွေကသာ မဖိတ်ခေါ်ပါပဲ အတားကျိုးနေသလို ဒလဟောစီးကျနေခဲ့တော့သည်။