ရင်ခွင်ကြားမှာ ကလေးငယ်တစ်ယောက်လိုအိပ်မောကျနေသည့် hyeong မျက်နှာလေးအား ခပ်ဖွဖွထိတွေ့မိရင်း ကျချင်နေသည့် မျက်ရည်တို့အား ထွက်ကျမလာအောင်အတင်းဖိပိတ်ထားမိသည်။
ကျွန်တော့နှလုံးသားလေးကို ဥပက္ခာပြုပြီးနာကျင်စေတဲ့ ဒီလူကိုခွင့်မလွှတ်နိုင်သေး။ ကျွန်တော်ကိုယ်ကျွန်တော် ငဲ့ညှာတဲ့အနေနဲ့ ဒီလူကိုထွေးပွေးထားရသည်။ ပြုံးပြပေးရသည်။ အနမ်းတို့ပေးမိသည်။ မဟုတ်ရင် ကျွန်တော့နှလုံးသားတို့က အရာရာသိရှိခံစားလွယ်တဲ့ ကျွန်တော့ ဦးနှောက်တို့အား အကြိမ်ကြိမ်ရူးသွပ်နေစေလိမ့်မည်။
နောက်ဆုံး ဘာပဲလုပ်လုပ် မမုန်းနိုင်မမေ့နိုင် ဒီလူမှ ဒီလူဖြစ်နေသည့် ကျွန်တော့နှလုံးသားတို့ကိုပဲ မုန်းမိပါတော့သည်။
" hyeong.... ကျွန်တော်မရှိတဲ့အချိန်တွေမှာ ပျော်ပျော်နေနေပေးနော်...
ဂယူဘင်းဆိုတဲ့နာမည်ကြားလိုက်တာနဲ့ အောင်မြင်နေတယ်ဆိုတာပဲမြင်ချင်ကြားချင်တာမို့ ဘာပဲဖြစ်ဖြစ်ကြိုးစားပေးနော်...
hyeong ဘာပဲလုပ်လုပ် ဘာပဲဆုံးဖြတ်ဆုံးဖြတ် ကျွန်တော်ဘက်ကတောင်ခံထားပေးမှာမို့ဗျာ..."
လေသံတို့ကတိုးဖျော့ဖျော့။ နှစ်ကိုယ်ကြားတောင်ကြားရဖို့မလွယ်လောက်သည့်အနေအထား။
နဖူးပေါ်ဝဲကျနေသည့် ဆံပင်တို့အား သပ်တင်ပေးတော့ ရှင်းလင်းစွာပေါ်လာသည့်နဖူးပြေပြေလေး။ အထိုနေရာလေးပေါ် ကျွန်တော့နှုတ်ခမ်းတို့အခြေချမိတာမှအကြာကြီး။ အရင်ကထက်ပိန်သယောင် ဖြစ်နေသည့် သေးသွယ်သွယ် မျက်နှာလေးအား တရှိုက်မတ်မတ်ကြည့်မိရင်း စိတ်တို့က သိမ်ငယ် လာမိသည်။ ငါကယောင်္ကျားလေးဆိုတဲ့အသိ။ hyeong လည်း မိန်းမတွေအပေါ် ခံစားသက်ဝင်နိုင်တာပဲဆိုတဲ့အသိ။ ထိုအတွေးတွေကပဲ နေ့နေ့ညည နှိပ်စက်နေခဲ့တာ။
တခါတလေ ကျွန်တော်အား သူမတူအောင် ချစ်ပြတတ်ခဲ့ပြီး တခါတခါ ကျွန်တော့အား သေမလို နာကျင်စေပြန်သည်။ hyeong အချစ်က ဘယ်လိုဘယ်ပုံ ကျွန်တော်မခန့်မှန်းတတ်တော့။
ကျွန်တော်နောက်ဆုံးလုပ်နိုင်တာ က ကျွန်တော့နှလုံးသားလေးကို ကုစားနိုင်ဖို့က ရွေးချယ်စရာမရှိ hyeong ကိုဆက်ပြီးချစ်နေဖို့သာတတ်စွမ်းပါသည်။