ခံစားချက်တွေ လစ်ဟပြပြီးသည့်နောက်ပိုင်း တစ်ယောက်တစ်နေရာ တာဝန်ကိုယ်စီနဲ့ အလုပ်လုပ်နေကြပေမယ့် အလုပ်တွေပြီးသွားရင်တော့ဘယ်လောက်ပဲပင်ပန်းနေကြပါစေဦး ကွန်ပျူတာရှေ့မှာတစ်နေ့တာအကြောင်းတွေတီတီတာတာ ပြောရင်း အလွမ်းဖြေရသည်။
" ယူဂျင်း ... လွမ်းတယ်ကွာ ပြန်လာချင်လှပြီ... ဇာတ်လမ်းအတိုလို့ပြောပြီး ရိုက်တာမပီးနိုင်တော့ဘူး..."
ကွန်ပျူတာစခရင်ပေါ်က ညီးတွားနေသည့် hyeong ပုံရိပ်အား မြတ်နိုးမဝစွာကြည့်ရင်ပြုံးမိရသည်။ ကျွန်တော်လည်း hyeong နည်းတူ ကိုရီးယားကိုပြန်ရောက်ကတည်းက တစ်ရက်မှမေ့မရခဲ့။ ပြန်ဆုံတွေ့တာမကြာသေးခင်မှာပဲ ခွဲခွါရပြန်တော့ အလွမ်းတို့ကပိုတိုးလို့လာခဲ့ရသည်။" ရိုက်တာ ပြီးတော့မှာမလား...ဂျာကြီးက ဘယ်လောက်ကြာဦးမယ်ပြောလဲ..."
" မကြာတော့ဘူးလို့တော့ပြောတာပဲ ... ရေရေရာရာမသိရသေးဘူးကွာ...."
စိတ်ပျက်လက်ပျက်ပြောနေသည့် hyeong အားကြည့်ရင်းပြေးတွေချင်လာသည့်စိတ်ကတားမရဆီးမရ။
" ယူဂျင်း.... ကိုယ်ပြန်လာရင် ကိုယ်နဲ့အတူတူလာနေရမယ်နော်..."
hyeong အပြောကြောင့် မျက်ဝန်းအစုံပြူးကျယ်သွားရတော့သည်။ ပြောသလောက်လွယ်ကူမနေသည့် အခြေအနေ အနေအထားတွေကြောင့် ရှေ့ရေးတွေးကာရင်လေးလာရပြန်သည်။ ကျွန်တော့ကြောင့် hyeong ရဲ့အောင်မြင်မှုတွေ ထိခိုက်သွားမှာမလိုလား။
သာမာန်အခြေအနေဆို ထိုမျှလောက်ထိတွေးပူနေတာမျိုးရှိမှာမဟုတ်ပေမယ့် hyeong က လက်ရှိဒိတ်ဒိတ်ကြဲအောင်မြင်နေသည့်ထိပ်တန်းမင်းသားတစ်လက်။ သာမာန် Dating ထွက်တာနဲ့တောင် ပွဲဆူနိုင်တဲ့အခြေအနေမှာ ယောင်္ကျားအချင်းချင်းတွဲနေတယ်လို့သာ သတင်းထွက်ကြည့် hyeong ကြိုးစားထားခဲ့သမျှတွေ အကုန်ရေစုန်မြောကုန်လိမ့်မည်။
" hyeong ရာ အခြေအနေတွေကသိရဲ့သားနဲ့... ဘာလို့ ဒါပဲထပ်ခါထပ်ခါပြောနေရတာလဲဗျာ..."
ကျွန်တော့ထံမှာ အငြင်းဝါကျထွက်လာတော့ ပျက်ယွင်းသွားသည့်မျက်နှာကြောင့် စိတ်မကောင်းဖြစ်ရပြန်သည်။ အတန်ကြာတိတ်ဆိတ်နေပြီးမှ hyeong ထံမှ စကားတို့ကြောင့်ပြိုလဲရပြန်ပြီ။