Part-12

411 30 0
                                    

Mnet နဲ့ စာချုပ်ပြည့်တော့မှာမို့ Schedule အပြည့်ဖြစ်ကာ နားရက်ဆိုတာမရှိ။ Mnet ကတော့ သူ့အကျိုးစီးပွါးအတွက် ကျွန်တော်တို့အပေါ် အပြည့်အဝအသုံးချနေပေမယ့် ကျွန်တော်တို့အားလုံးကတော့ပင်ပန်းနေလဲ ZB1 ဆိုတဲ့ဖြစ်တည်မှုမှာ အစအဆုံးအားပေးလာခဲ့တဲ့ ပရိတ်သတ် တွေအား အမှတ်တရတွေ အများကြီးထားခဲ့ချင်သည့်စိတ်။ လေ့ကျင့်ထားတာတွေအကုန် ကိုယ်စားမချန်ဘဲ ချပြချင်သည့်စိတ်တွေက ပင်ပန်းနေလဲ တွန်းလှန်နိုင်သည်။ လဲကျနေလဲကုန်းထနိုင်သည်။ ကျနေသည့်စိတ်ဓာတ်လဲ ပရိတ်သတ်တွေကြောင့် မြှင့်တင်နိုင်သည်။ ပရိတ်သတ်မရှိရင် ZB1 ဆိုတဲ့ဖြစ်တည်မှုလဲမရှိတော့။ အားလုံးအတွေးတွေက ထပ်တူမို့ ပင်ပန်းနေကြလဲ စိတ်တူကိုယ်တူ လေ့ကျင့်နေဖြစ်၏။

ဒီနေ့လဲ အောက်ထပ်ကနေ အကလေ့ကျင့်သည့်အခန်းသို့ Lift စီးကာတက်ရသည်မို့ အဖွဲ့ဝင်၉ ယောက် နှင့် နည်းပြတို့ က ထို Lift ထဲတွင် ဒီနေ့မှ ထူးထူးဆန်းဆန်း အတူတူစီးဖြစ်ကြသည်ကာ ခါတိုင်းထက်ကြပ်ပိတ်သိပ်ဖြစ်နေရသည်။

ထိုအခြေအနေကိုအခွင့်အရေးယူပြီး ယူဂျင်းတစ်ယောက် ဂယူဘင်းနဘေးသို့ မသိမသာကပ်သွားလိုက်ကာ လက်ဖျားလေးအားဆုပ်ကိုင်မိတော့ ရုန်းထွက်ပစ်လိုက်သည့် hyeong ကြောင့် စိတ်မသက်မသာဖြစ်သွားရသည်။

*Lift ထဲမှာလူများနေတာကြောင့်နေမှာပါ*

ဘေးတိုက်အနေအထားမှာ hoodie မှာပါသည့်ခေါင်းစွပ်အား မျက်နှာအဆုံးထိစွပ်ချထားသည်မို့ hyeong ရဲ့ မျက်နှာလေးအားတွေ့ခွင့်မရခဲ့။ ဘေးနား hyeong ရဲ့ ကိုယ်သင်းနံ့လေးကိုပဲရှူရှိုက်နေမိရင်း ကိုယ့်ကိုကိုယ်ပဲရီချင်လာရသည်။

* ငါတော်တော် ဖြစ်နေတာပဲ... *

ကျွန်တော် သတိလက်လွတ်ရယ်မိသွားတော့ ဖြတ်ခနဲအကြည့်တချက်ရောက်လာခဲ့ပေမယ့် စိမ်းစမ်းကားကား။ ထိုအကြည့်မှာ နေသားမကျပဲ တခါမှ မသက်ဆိုင်ဖူးတဲ့သူလို့ အကြည့်တို့က ချက်ချင်းသွေဖယ်သွားခဲ့သည့် hyeong။

ဝမ်းနည်းစိတ်တို့က အလုံးအရင်းဝင်ရောက်လို့လာခဲ့၏။

* hyeong တစ်ခုခုစိတ်မကြည့်လို့နေမှာပါ*

မင်းအတွက်အရာရာ ( COMPLETE)Where stories live. Discover now