| 1 |

1.9K 131 15
                                    

ကိုရီးယားနိုင်ငံ၏ထိပ်တန်းဟိုတယ်များကြား top3ကနေတစ်ကြိမ်တစ်ခါမှမဆင်းဖူးတဲ့ 5starsဟိုတယ်ကြီး 'Grace'တွင်ဖြစ်သည်။

နာမည်ကြီးဟိုတယ်ဖြစ်သည့်အ‌လျောက် တစ်နေ့ထဲတွင် Funtionပေါင်းများစွာကို runရသည်ဖြစ်ရာဂယူဗင်းတို့အတွက်တော့နေ့ရက်တိုင်းဟာ busyဖြစ်နေတော့သည်။

တစ်ယောက်နဲ့တစ်ယောက်စကားမပြောနိုင်တဲ့အထိအလုပ်များနေသည့်အချိန်တွင်ကြားလိုက်ရတဲ့ဖုန်းသံကြောင့် ရုံးခန်းအနားမှာရှိနေတဲ့ဝန်ထမ်းအငယ်လေးအားဖုန်းကိုင်ရန်အတွက်ဂယူဗင်းမျက်စပစ်ပြလိုက်သည်။

သိပ်မကြာပါဘူး။ ထိုဝန်ထမ်းလေးကသူ့ဆီတန်းတန်းမတ်မတ်လျှောက်လာကာအနားနားကပ်၍ပြောသည်။

"" HRကဆက်တာ Chef
Chefကို GMကတွေ့ချင်လို့တဲ့ ""

"" ကောင်းပြီ ""

GMကိုယ်တိုင်ကခေါ်တယ်ဆိုတော့မသွားလို့ကမဖြစ်။ ထို့ကြောင့် ဂယူဗင်း လုပ်လက်စကိုရပ်ကာ သူ့ဘေးကဂျူနီယာတစ်ယောက်ကိုမှာခဲ့ရသည်။

"" ဒီချောကလက်တွေပျော်သွားတဲ့အထိကျိုပြီးတာနဲ့ကျန်တာ recipeအတိုင်းဆက်လုပ်လို့ရပြီ ငါ GM‌ရုံးခန်းခဏသွားလိုက်ဦးမယ် စိတ်ချမယ်နော် ယူဆောင်း ""

"" ဟုတ်ကဲ့ Chef ""

GMဆိုတာက ဂယူဗင်း တက္ကသိုလ်ကတည်းကသိလာခဲ့တဲ့ စီနီယာလည်းဖြစ်သလို ဆရာလည်းဖြစ်သည့်အလျောက် နှစ်ယောက်ကြားကဆက်ဆံရေးဟာပြေပြေလည်လည်ရှိလှသည်။

ပြီးတော့လည်း 'Grace'ရဲ့မျက်နှာဖုံးလို့ပြောရလောက်တဲ့အထိ ဂယူဗင်းတာဝန်ယူထားရတဲ့ Pastry Kitchenကလုပ်တဲ့မုန့်တိုင်းရဲ့အရသာဟာ သူမတူအောင်ထူးကဲ‌ပေါ်လွင်လှသည်ဖြစ်ရာ GMက ဂယူဗင်းကိုဆို အထူးတလည် ဆက်ဆံသလို အားလည်းကိုးသည်။

"" GM ကျွန်တော့်ကိုခေါ်တယ်ဆို ""

"" အေး ဂယူဗင်း ထိုင်ပါဦး ""

သူဆိုဖာမှာဝင်ထိုင်ပြီးတာနဲ့ GMက CV formတစ်ခုကိုကမ်းပေးလာသည်။ ဂယူဗင်း ယူကြည့်လိုက်တော့ သူ့အတွက်ရင်းနှီးလွန်းနေတဲ့ ကောင်လေးရဲ့ ကိုယ်ရေးရာဇဝင်ဖြစ်နေတာကိုအံ့သြစွာတွေ့လိုက်ရပါသည်။

I Cherish You Where stories live. Discover now