| 9 |

635 78 13
                                    

ယူဂျင်း သတိပြန်လည်လာချိန်တွင် ပထမဆုံးခံစားလိုက်ရသည်မှာ သူ့လက်ကလေးကိုတင်းနေအောင်ဆုပ်ကိုင်ထားတဲ့ကိုကို့လက်တွေရဲ့နွေးထွေးမှုဖြစ်ပြီး မျက်လုံးဖွင့်ကြည့်လိုက်သည်နှင့် ပထမဆုံးမြင်လိုက်ရသည်မှာ စိုးရိမ်ပူပန်မှုတွေအတိုင်းသားပေါ်လွင်လို့နေတဲ့ကိုကို့မျက်နှာသာဖြစ်သည်။

အမြဲတမ်းလိုလိုအေးစက်နေတတ်တဲ့ သူ့လက်ကလေး‌တောင်ဒီလောက်ထိနွေးနေပုံအရ ကိုကိုဘယ်လောက်ထိတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားခဲ့လဲဆိုတာကိုသိနိုင်သလို နီရဲ‌ကာမို့ဖောင်းလို့နေတဲ့မျက်ဝန်းတွေအရ သူသတိမေ့တုန်း ကိုကိုဘယ်လောက်ထိငိုထားခဲ့မလဲဆိုတာ ယူဂျင်းတွေးကြည့်လို့ရသည်။

ကိုကိုက သူနိုးလာတာကိုမြင်တာနဲ့ သက်ပြင်းဖွဖွချလျက်ဖြင့် သူ့ဆံပင်လေးတွေကိုသပ်တင်ပေးလာခဲ့ကာ နဖူးလေးအားငုံ့နမ်းလာပါသည်။

"" အခု နေရတာဘယ်လိုနေလဲ ယူဂျင်းနီး
ခေါင်းမူးသေးလား..  ""

"" ဟင့်အင်း ကျွန်တော်တော်တော်လေးသက်သာသွားပါပြီ ""

ပြောပြောဆိုဆိုနဲ့ ယူဂျင်း ထထိုင်ဖို့လုပ်တော့ ကိုကိုကအထမခံဘဲသူ့ပခုံးနှစ်ဖက်ကိုဖိချကာတားသည်။

"" မထနဲ့ဦး... အားဆေးကုန်တဲ့အထိ ဒီအတိုင်းလေးလှဲပြီးအနားယူလိုက်... ""

အားဆေးကုန်တဲ့အထိလို့ပြောလာတဲ့ ကိုကို့စကားကြောင့် ယူဂျင်းအခုမှ ကိုကိုကိုင်မထားတဲ့သူ့လက်သူ မ,ကြည့်မိလိုက်ရာ ဆေးပိုက်တန်းလန်းဖြစ်နေတာကိုမြင်လိုက်ရပြီး မျက်နှာပျက်သွားရသည်။

"" ဘာဖြစ်လို့လဲ ယူဂျင်းနီး.. နာလို့လား ""

သူ့မျက်နှာလေးကို ဂရုတစိုက်ကြည့်ရင်း မေးလာတဲ့ကိုကို့ကို ယူဂျင်းမျက်နှာငယ်လေးဖြင့်ပြန်ဖြေမိသည်။

"" ဟင့်အင်း မနာပါဘူး...
ကျွန်တော်ကအပ်ကြောက်တတ်လို့ပါ
အဲ့ဒါကြောင့်လည်း ကားပေါ်မှာတုန်းက ကျွန်တော်ကိုကို့ကို မချေမငံတွေပြောခဲ့မိတာ.. ကျွန်တော့်ကိုခွင့်လွှတ်ပါနော် ကိုကို ""

လှိုက်ခနဲတက်လာတဲ့နောင်တနဲ့ဝမ်းနည်းမှုတို့ကြောင့် အတန်တန်ထိန်းနေတဲ့ကြားကသူ့မျက်နှာလေးမဲ့မိသွားတော့ ကိုကိုကချက်ချင်းဆိုသလို ပါးလေးနှစ်ဖက်ကိုအုပ်ကိုင်လာပါရင်း... 

I Cherish You Where stories live. Discover now