| 3 |

742 115 21
                                    

"" ကိုယ့်ကိုပေး ""

ဂယူဗင်းကပြောပြာဆိုဆိုနဲ့ ယူဂျင်းလက်ထဲကအဝတ်အစားထုပ်ကိုလက်လွှဲယူလိုက်သည်မှာ ယူဂျင်းတောင် တားချိန်မရလိုက်။

"" ကျွန်တော်သယ်လည်းရတာကို ""

သူ့အဝတ်ထုပ်ကိုလှမ်းကြည့်ပြီး ယူဂျင်းလှမ်းပြောတော့ ဂယူဗင်းက ခပ်ပါးပါးပြုံးရင်း ယူဂျင်းခေါင်းလေးကိုလှမ်းပုတ်ကာပြောလာသည်။

"" ဒီနေ့ရောအပြင်မှာထွက်စားဦးမလား ""

"" ဟင့်အင်း ဟိုတယ်Canteenမှာပဲစားတော့မယ် ""

"" ဘာလို့လဲ ""

"" နေ့တိုင်းထွက်စားနေရင်ကိုကိုပိုက်ဆံကုန်မှာပေါ့ ""

"" ညစာလောက်ကတော့ ကိုယ်အမြဲဝယ်ကျွေးနိုင်ပါတယ်ကွာ ပြော.. ဒီညဘာစားချင်လဲ ""

ပခုံးလေးကိုလှမ်းတိုက်ရင်း ဂယူဗင်းပြောတော့ ယူဂျင်းက ခေါင်းတခါခါနဲ့ထပ်ငြင်းသည်။

"" ဟင့်အင်း မစားဘူး.. မစားဘူး
Canteenမှာပဲစားမယ် ""

ယူဂျင်းက မျက်မှောင်ပါကျုံ့လာတာကြောင့်
ဂယူဗင်းလက်လျှော့လိုက်ရတော့သည်။

အဲ့လိုခေါင်းတခါခါနဲ့မျက်မှောင်ကျုံ့လာပြီဆို
ယူဂျင်းတကယ်မလုပ်ချင်လို့ငြင်းဆန်တာမျိုးဆိုတာကိုသူသိသည်လေ။

"" အင်းပါ အင်းပါ Canteenမှာပဲအတူတူသွားစားကြတာပေါ့ ""

စကားတပြောပြောနဲ့ဓာတ်လှေကားစီးလာခဲ့ကြရင်း စက္ကန့်ပိုင်းအတွင်းမှာပဲ ၃ထပ်ကိုရောက်လာခဲ့ကြသည်။

"" ကိုယ့်အခန်းနံပါတ်မှတ်မိလား ""

ရုတ်တရက်မေးလာတဲ့မေးခွန်းကြောင့်
ယူဂျင်းကြောင်တောင်တောင်လေးဖြစ်သွားကာ ဂယူဗင်းကိုပြူးကြည့်လာပြီး သူထင်တဲ့နံပါတ်တွေကိုဆက်တိုက်ရွတ်ပြတော့သည်။

"" အခန်းနံပါတ်? 305? 312? 328? 334? ""

"" တစ်ခုမှလည်းမမှန်သေးဘူး
မနေ့ကကျလာအိပ်ပြီးတော့ ""

"" မှတ်မထားမိလိုက်ဘူးလေဗျာ ""

စကားလေးပြောရင်း လျှောက်လာရာကနေ
ဂယူဗင်းက ရုတ်တရက် မပြောမဆိုနဲ့ ချာခနဲ‌
နောက်လှည့်ပြီး မပြေးရုံတမယ်လျှောက်သွား
တာကြောင့် ယူဂျင်းမှာ အူကြောင်ကြောင်လေးနဲ့ ရပ်ကျန်ခဲ့ပြီးမှ ဂယူဗင်းနောက်ကိုပြေးလိုက်ရတော့သည်။

I Cherish You Where stories live. Discover now