| 5 |

949 111 18
                                    

ဂယူဗင်း 5နာရီ dutyပြီးလို့ အခန်းထဲပြန်လာရာ ယူဂျင်းရှိမနေတဲ့ အခန်းလွတ်ကြောင့် ရင်ထဲလစ်ဟာသွားရသလို စိတ်လည်းပူသွားရသည်။

ဒီကလေး ဘယ်သွားနေတာပါလိမ့်?

တကယ်တော့ဒီနေ့တစ်နေ့လုံး သူ ယူဂျင်းနဲ့အလုပ်ကိစ္စကလွဲပြီးဘာမှမပြောဖြစ်ပေမဲ့ ယူဂျင်းကိုအရိပ်တကြည့်ကြည့်လိုက်ကြည့်နေခဲ့တာမလို့ တစ်‌နေ့လုံးယူဂျင်းမျက်နှာမကောင်းတာကိုသတိထားမိခဲ့သည်။

ကြည့်ရတာ... မနေ့ကကိစ္စက ယူဂျင်းအတွက်လည်းစိတ်ခုစရာလေးရှိခဲ့ပုံပဲ..

အဲ့ဒါကြောင့် စကားသေချာပြောကြည့်ဖို့လုပ်ခဲ့ပေမဲ့ အလုပ်တွေအရမ်းရှုပ်နေတာနဲ့ dutyပြီးမှအေးဆေးပြောတော့မယ်ဆိုပြီးတွေးထားခဲ့တာဖြစ်သည်။

အခုတော့ ယူဂျင်းက
ဘယ်သွားနေမှန်းမသိတာကြောင့်
ဂယူဗင်းမှာ အခက်တွေ့ရသည်။

အဲ့ဒါအပြင် ဖုန်းဆက်ကြည့်တော့လည်း
စက်ပိတ်ထားပါတယ်ဆိုပြီးပဲဖြေနေတာကြောင့် ပိုပိုပြီးစိတ်ပူလာရတော့၏။

သို့ပေမဲ့ သေချာပြန်စဉ်းစားကြည့်လိုက်တော့
ယူဂျင်းကိုလည်း alone timeပေးသင့်တယ်လို့
တွေးမိတာကြောင့် ဂယူဗင်း ကိုယ့်စိတ်ကိုယ်သာဖြေ‌လျှော့လိုက်ပါသည်။

_____________________🍫

နိုင်ငံခြားက pastry chef တွေရဲ့ videoတွေကိုလိုက်ကြည့်ရင်း ထိုင်စောင့်နေလိုက်ရာ ည၇နာရီလောက်မှာပဲ ယူဂျင်းပြန်ရောက်လာခဲ့သည်။

"" ပြန်လာပြီလား ယူဂျင်းနီး
ဘယ်ကိုသွားခဲ့တာလဲ ကိုယ့်ကိုပြောပါဦး ""

ဂယူဗင်း လှမ်းပြောလိုက်တော့
ယူဂျင်းကမျက်လုံးအဝိုင်းသားလေးနဲ့
သူ့ကိုလှမ်းကြည့်လာပါသည်။

"" ကိုကိုကျွန်တော့်ကိုမဆူဘူးလား ""

ယူဂျင်းစကားအဆုံး.. ဂယူဗင်းကသူ့ပေါင်ပေါ်မှာတင်ထားတဲ့ laptopကိုပိတ်လိုက်ကာ ယူဂျင်းအနားလျှောက်သွားလိုက်ပြီး ခါးလေးကိုကိုင်းရင်းပြောလိုက်တော့သည်။

"" ယူဂျင်းနီးကအပြစ်မှမလုပ်ထားတာ
ကိုယ်ကဘာလို့ဆူရမှာလဲ ဒါပေမဲ့... မှာစရာသုံးခုတော့ရှိတယ် နောက်ကို တစ်နေရာရာသွားမယ်ဆို ကိုယ့်ကိုအသိပေးပြီးမှသွားဖို့ရယ်... ဖုန်းကိုအမြဲဖွင့်ထားဖို့ရယ်..ပြီးတော့..အခုလိုမျိုးမိုးချုပ်မယ်ဆိုရင် ကိုယ့်ကိုလာကြိုခိုင်းဖို့ရယ် ""

I Cherish You Where stories live. Discover now