| 7 |

611 99 10
                                    

တစ်နေကုန် လူရောစိတ်ရောပင်ပန်းထားသည့်အရှိန်ဖြင့် ယူဂျင်းနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့ရာ နောက်နေ့မနက်10နာရီထိုးမှပဲအိပ်ရာကနိုးလာခဲ့သည်။

စစချင်းတော့ 10နာရီလို့ပေါ်နေတဲ့ဖုန်းပေါ်ကအချိန်ကိုကြည့်ရင်း 9နာရီdutyရှိတယ်အထင်နဲ့လန့်သွားခဲ့ပေမဲ့ ရုတ်တရက်ပြန်သတိရလာသည်မှာ ဒီနေ့သူ့ dutyချိန်က night shift 3-11ဆိုတာကိုပင်။

ထိုအခါမှ ယူဂျင်း တဖန်ပြန်လည်စိတ်အေးသွားရကာ ဆက်အိပ်ဖို့ပြင်လိုက်တော့သည်။ သို့ရာတွင် နံရံဘက်ကိုလှည့်အိပ်နေရာမှ အပျင်းကြောဆန့်ရင်း ကုတင်ရှိတဲ့ဘက်ကိုမျက်နှာမူလိုက်မိရာ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် သူ့မျက်လုံးတွေကျယ်သွားရပါသည်။

ကိုကိုက သူ့မွေ့ယာဘေး၊ကြမ်းပြင်ပေါ်တွင် ဘာအခင်းမှထပ်ခင်းထားခြင်းမရှိပါဘဲ ကိုယ့်လက်မောင်းကိုယ်ခေါင်းအုံးပြီး ခွေခွေလေးအိပ်နေတာပင်။

မဟုတ်မှ... ကိုကိုတစ်ညလုံးဒီလိုပဲအိပ်ခဲ့တာလား?

အတွေးနဲ့တင်ယူဂျင်းရင်ထဲဆို့တက်လာရကာထိုမြင်ကွင်းအားဆက်မကြည့်နိုင်တော့တဲ့အဆုံး ကိုကို့လက်မောင်းကိုလှမ်းရိုက်ကာနှိုးလိုက်တော့သည်။

"" ကိုကို! ""

သူတစ်ချက်ရိုက်ပြီးတစ်ခွန်းခေါ်လိုက်ရုံနဲ့ ကိုကိုကချက်ချင်းနိုးလာပါသည်။ သို့ရာတွင် အိပ်ရေးမဝသေးကြောင်းသိသိသာဖော်ပြလို့နေတဲ့ ကိုကို့ရဲ့နီနီရဲရဲမျက်ဝန်းအိမ်တွေစေ့စေ့ကြည့်မိလိုက်သည်နှင့် ယူဂျင်းမှာ စက္ကန့်ပိုင်းမျှဆွံ့အ,သွားခဲ့ရသည်။

"" နိုးပြီလား ယူဂျင်းနီး
ကောင်းကောင်းအိပ်ပျော်ရဲ့လား ""

ဒီလောက်ထိအိပ်ရေးမဝတဲ့မျက်နှာနဲ့နွမ်းလျနေတဲ့ကြားက သူ့ကိုတော့အချိုသာဆုံးပြုံးပြလျက်လှမ်းမေးလာတဲ့ကိုကို့ကိုကြည့်ရင်း ယူဂျင်းရင်ဘတ်တစ်ခုလုံးတင်းကြပ်လာခဲ့ကာ အဆုံးမှာတော့ သက်ပြင်းချသံတစ်ခုနှင့်အတူ ပြောလိုက်တော့၏။

"" ကျွန်တော်ကကောင်းကောင်းအိပ်ပျော်တယ် အိပ်မပျော်တာက ကိုကို! ကိုကိုတစ်ညလုံးမအိပ်ထားဘူးမလား ဟုတ်တယ်မလား ""

I Cherish You Where stories live. Discover now