| 12 |

421 56 11
                                    

ယူဂျင်းအခု ရေချိုးနေသောကိုကို့ကိုစောင့်ရင်း ကိုကိုသူ့အတွက် download ဆွဲပေးထားသော animationအား အိပ်ရာပေါ်တွင်ထိုင်ကြည့်နေတာဖြစ်သည်။ ဖြစ်ချင်တော့ ထိုအချိန်တွင် ရင်းနှီးနေသောနာမည်တစ်ခုဆီမှ ပို့လာသော messageတစ်စောင်အား ရုတ်တရက် မြင်လိုက်ရ၏။ ထိုနာမည်ကိုမြင်မြင်ချင်း သူမျက်စိလျှမ်းပြီးများမှားဖတ်မိတာလားဟုတွေးမိကာ နာမည်ကိုပဲပြန်ဖတ်ကြည့်ရန်အတွက် noti barကိုဆွဲချလိုက်၏။ သို့ရာတွင် ...


- ဟန်ယယ်နာ : ကျေးဇူးပါပဲ ကျွန်မတို့နောက်ရက်ထပ်ဆုံကြတာပေါ့ -


သူမှားဖတ်မိတာမဟုတ်ကြောင်း အတည်ပြုပေးလိုက်သော နာမည်နှင့်အတူ မျက်လုံးထဲရောက်လာရုံအပြင်မရှိသည့် message ကိုပါတွဲဖတ်လိုက်မိပြီး ယူဂျင်း လုံးဝအတွေးများသွားရသည်။

အခုသူ့လက်ထဲမှာရှိနေတာကကိုကို့ဖုန်းလေ..
ကိုကို့ဖုန်းထဲကိုဘယ်လိုလုပ်ပြီးမမရဲ့messageကရောက်လာရတာလဲ... နှစ်ယောက်ကဘယ်တုန်းကတွေ့ဖူးလိုက်လို့ ဖုန်းနံပါတ်အပြန်အလှန်ပေးပြီးအဆက်အသွယ်လုပ်နေတဲ့ဆက်ဆံရေးဖြစ်သွားတာလဲ....

"" မဖြစ်နိုင်တာ
ဟန်ယယ်နာကတစ်ယောက်တည်းရှိတာမှမဟုတ်တာ ငါ့မမ,မဟုတ်တာလည်းဖြစ်နိုင်တာပဲ ""

တစ်ယောက်တည်းရေရွတ်လိုက်မိပြီးမှ ' ကိုကိုကဘယ်ကဟန်ယယ်နာနဲ့ message အပြန်အလှန်ပို့နေတာလဲ 'ဟုတွေးမိပြီး ယူဂျင်းစိတ်ထဲပိုပူပန်လာရတော့သည်။



"" ဘာလဲကွာ...ဘယ်ကဟန်ယယ်နာလဲ
ကိုကိုလည်းတစ်ခါမှမပြောပြဖူးဘူး
ကျောင်းတုန်းကအချစ်ဦးတွေဘာတွေများလား ""


တွေးရင်းနှင့်စိတ်ရှုပ်လာရသည်မို့ ယူဂျင်း  animation လည်းဆက်မကြည့်နိုင်တော့ဘဲ ဖုန်းကိုပိတ်ပစ်လိုက်ရာ... ထိုအချိန်မှာပဲ ကိုကိုက အချိန်ကိုက်ဆိုသလို ရေချိုးခန်းထဲမှထွက်လာခဲ့၏။


ကိုကို့ကိုမြင်သည်နှင့် မျက်မှောင်ကျုံ့ကာစိုက်ကြည့်ပေးလိုက်တော့ ကိုကိုက ခေါင်းရေသုတ်နေရာမှ ချက်ချင်းတန့်သွားပြီး သူ့ကိုလှမ်းမေးလာလေသည်။


You've reached the end of published parts.

⏰ Last updated: Apr 03 ⏰

Add this story to your Library to get notified about new parts!

I Cherish You Where stories live. Discover now