| 4 |

742 100 20
                                    

"" ကိုယ့်ကိုခွင့်ပြုမယ်မဟုတ်လား ""

သူ့မေးခွန်းအဆုံး ယူဂျင်းက "" အင်း ""ဟုဆိုကာခေါင်းညိမ့်လိုက်တဲ့တခဏ..ဂယူဗင်းမျက်နှာတစ်ခုလုံးအပြုံး‌တို့နဲ့ပြည့်နှက်လာခဲ့ကာတစ်လောကလုံးကိုအပိုင်ရလိုက်သလိုမျိုးခံစားလိုက်ရပါသည်။

ထို့ကြောင့် အဖြေပေးပြီးတာနဲ့မျက်နှာမဖော်တမ်းခေါင်းငုံ့ထားတဲ့ကောင်လေးကိုရင်ခွင်ထဲဆွဲသွင်းလိုက်ပါရင်းဂယူဗင်းလေးလေးနက်နက်ဆိုသည်။

"" ရှေ့လျှောက်ကိုယ်ကအများကြီးချစ်ပေးသွားမယ် မင်းကကိုယ့်ကိုယုံပြီးလိုက်ခဲ့ရုံပါပဲ ""

သူပြောပြီး ခဏလောက်ကြာတော့မှ ရင်ခွင်ထဲကအကောင်ပေါက်လေးကခေါင်းညိမ့်လာခဲ့ကာအသံပိစိလေးနဲ့ပြောလာခဲ့သည်။

"" အွန်း ကျွန်တော်လည်းကိုကို့ကိုအများကြီးချစ်ပေးမှာ ""

"" ဟုတ်ပါပြီဗျာ... ""

____________________________________

ကိုယ်ချစ်တဲ့သူကလည်း
ကိုယ့်ကိုချစ်နေတာပါလားဆိုတဲ့
အသိလောက်ပျော်စရာကောင်းတာရှိပါဦးမလား?

____________________________________

ဧည့်သည်အလာများသလို High Seasonတွေထဲကတစ်ခုလို့ပြောလို့ရတဲ့ Decemberလကိုကူးပြောင်းလာခဲ့သည်ဖြစ်ရာ Hotel lifeကဝန်ထမ်းတွေအတွက်တော့ အလုပ်နဲ့လက်မပြတ်အောင်လုပ်ရမယ့်အပင်ပန်းဆုံးကာလပင်ဖြစ်တော့သည်။

Tee~~~~Tee~~~~

ဖုန်းသံမြည်လာတာနဲ့တပြိုင်နက် ယူဂျင်း chocolate ganacheလုပ်နေရာကနေ မီးပိတ်ပြီး ဖုန်းပြေးကိုင်ရသည်။

အခုနောက်ပိုင်း အလုပ်အရမ်းများတာကြောင့် ဖုန်းကိုင်ရမယ့်တာဝန်က ဘာတာဝန်ရယ်လို့မယ်မယ်ရရမရှိသေးတဲ့ internလေးယူဂျင်းဆီ အလိုလိုရောက်လာခဲ့တာပင်။

"" ဟုတ်ကဲ့ Pastry Kitchenကပါဗျ
ဘာများကူညီပေးရမလဲခင်ဗျာ ""

"" ..... ""

"" 3 pounds chocolate cake လားဗျ
orderလည်းမတင်ထားဘူးနော် ""

"" ..... ""

"" အာ VIP guestအတွက် urgent လိုချင်တာ..ဟုတ်ကဲ့ ရမယ်နော် ""

"" ..... ""

I Cherish You Where stories live. Discover now