| 2 |

723 116 17
                                    

ပြောရမယ်ဆို ကိုကိုနဲ့သူ့ရဲ့ first impressionကနည်းနည်းတော့ ဗရုတ်သုတ်ခနိုင်ပါသည်။

တကယ်တော့ ယူဂျင်း ဘယ်တုန်းကမှ Hotel lifeကိုစိတ်မဝင်စားခဲ့သလို ဝါသနာကဘာလဲဆိုတာကိုတောင်သိခဲ့တာမဟုတ်ပေ။

ဒါပေမဲ့ တစ်နေ့မှာတော့ ဖေဖေက ကျောင်းကလုပ်တဲ့ Hospitality training programကို joinရင် သူလိုချင်နေတဲ့ ဂိမ်းစက်ဝယ်ပေးမယ်ဆိုပြီး အပေးအယူလုပ်လာလို့သူ joinဖြစ်ခဲ့တာဖြစ်သည်။

သင်တန်းစတဲ့နေ့မှာ ရှေ့ပိုင်းအချိန်တွေဖြစ်တဲ့ F.O ( Front office) , HR ( Human Resources ) , HK ( House Keeping ) ချိန်တွေလည်းသင်ပြီးရော သူ့မျက်လုံးကဖွင့်မရအောင်ငိုက်လာခဲ့တော့တာ။

အဲ့လိုနဲ့ နောက်တစ်ချိန်လည်းရောက်ရော မျက်လုံးဖြဲမထားနိုင်တော့တဲ့အဆုံး ချောင်ကပ်ပြီး အိပ်ပစ်လိုက်တာပေါ့။

သို့ပေမဲ့ ယူဂျင်း အကြာကြီး မအိပ်လိုက်ရပါဘူး။

"" ဟန်ယူဂျင်း ရှေ့ထွက်ခဲ့ ""ဆိုတဲ့ ‌မာထန်နေတဲ့အသံကြီးကြောင့် သူ အိပ်ရာကလန့်နိုးလာခဲ့ပြီး အိပ်ချင်မူးတူးနဲ့ပဲရှေ့ထွက်ခဲ့ရသည်လေ။

ဖြစ်ချင်တော့ ကိုကို့ကိုမြင်မြင်ချင်းမှာပဲ အရမ်းချောတဲ့ ကိုကို့ကြောင့် ' ငါနတ်သားကိုမြင်နေရတာလား 'လို့ စိတ်ထဲကတွေးမိတဲ့အတိုင်း ပါးစပ်ကပါ ယောင်ပြီး "" ဟုတ်ကဲ့ ဆရာ "" လို့ ပြောရမယ့်အစား "" ဟုတ်ကဲ့ နတ်သားအစ်ကို "" လို့ပြောခဲ့မိတာကို ယူဂျင်း အခုထိ မှတ်မိ‌နေပါသေးသည်။

သူ့ရဲ့ အဲ့ဒီအယောင်ယောင်အမှားမှား စကားကြောင့် တစ်တန်းလုံးဝိုင်းရယ်ခဲ့ကြပေမဲ့ ကိုကိုကတော့ ပြုံးတောင်မပြုံးခဲ့ဘူး။

ယူဂျင်း အဲ့တုန်းကတော့ ထင်လိုက်တာ..
ဒီလူကြီးက အရယ်အပြုံးနည်းပြီး
မာနကြီးလိုက်တာပေါ့။

ဒါပေမဲ့ ဘယ်သူထင်ထားမှာလဲ...
နောက်ရက် သူကျောင်းကအပြန်မှာ ထီးမပါလာလို့ ကျောင်းထဲကမထွက်နိုင်ဖြစ်နေတဲ့အချိန် အဲ့လူကြီးကပဲ ထီးလာမိုးပေးခဲ့ပြီး ရယ်ရယ်မောမောစကားတွေလာပြောခဲ့လိမ့်မယ်လို့....

သူအဲ့တုန်းက အိပ်မက်လို့တောင်ထင်ခဲ့တာ။

ပြီးမှတဖြည်းဖြည်းသိလာရတာကတော့
ကိုကိုက စာသင်ချိန်တွေမှာဆို အနေတည်ပြီး စည်းကမ်းတင်းကြပ်ပေမဲ့ စာသင်ချိန်ပြင်ပမှာဆို အရမ်းဖော်ရွေတတ်တာကိုပင်။

I Cherish You Where stories live. Discover now