| 8 |

686 116 11
                                    

ဂယူဗင်းတစ်ယောက် တတိတိရွေ့လျားလို့နေတဲ့ နာရီလက်တံတို့အား မျက်တောင်မခတ်စတမ်းထိုင်ကြည့်နေရာက  11နာရီအတိကိုညွှန်ပြလာတာနဲ့တပြိုင်နက် အနားမှာရှိ‌တဲ့ဖုန်းကိုလှမ်းယူပြီးယူဂျင်းဆီဆက်လိုက်၏။

သို့ရာတွင် ပထမနှစ်ကြိမ်၌ ယူဂျင်းဘက်က ဖုန်းကိုင်လာခြင်းမရှိခဲ့ဘဲ တတိယအကြိမ်ထပ်ခေါ်လိုက်တော့မှ "" ဟုတ် ကိုကို "" ဆိုတဲ့အသံလေးအားကြားလိုက်ရပါသည်။

"" dutyမပြီးသေးဘူးလားယူဂျင်းနီး ""

"" မပြီးသေးဘူးကိုကို မနက်ဖြန်မနက်ပိုင်း cake orderတွေအတွက်စစ်ပေးဖို့ကျန်သေးတယ်.. အဲ့ဒါပြီးရင် အာ ဟုတ်သား cheese cake ရိုက်ပေးခဲ့ရဦးမယ် ""

cheese cakeဆိုတဲ့အသံကြားလိုက်ရတာနဲ့ ဂယူဗင်းမျက်ခုံးတွေတွန့်‌ချိုးသွားခဲ့သည်။

cheese cakeရိုက်မယ်ဆို အနည်းဆုံး 2နာရီကျော် လောက်အချိန်ပေးရတာဖြစ်သည်။ အဲ့ဒါကြောင့်ပဲ night shift ဆင်းတဲ့ကောင်တွေက သူတို့အလုပ်မပြီးတိုင်း ၊ သူတို့နားချင်တိုင်း ယူဂျင်းကို ဖိခိုင်းသွားကြတာဖြစ်မည်။

"" မဟုတ်သေးပါဘူး အခုချိန်မှ cheese cakeရိုက်ရင် မင်းကဘယ်အချိန်မှနားရမှာလဲ အလုပ်ကိုဘယ်လိုလုပ်နေတာလဲကွာ ""

ဂယူဗင်း စိတ်တိုတိုနဲ့ night shiftဆင်းတဲ့ သူ့ဂျူနီယာတွေကို စိတ်ထဲကကြိမ်းရင်း ရှူးရှူးရှဲရှဲပြောမိတာပင်။

သို့ရာတွင်...

"" နောက်ကို duty ချိန်အတွင်းအလုပ်ပြီးအောင်သေချာလုပ်ပါ့မယ် ""

ရုတ်တရက်တိမ်ဝင်သွားတဲ့ ယူဂျင်းရဲ့အသံ‌တိုးတိုးလေးအား ကြားလိုက်ရကာ တစ်ခုခုကတော့မှားသွားပြီဆိုတာ ဂယူဗင်း သတိပြုလိုက်မိပါသည်။

ကြည့်ရတာ သူခုနက ဟိုကောင်တွေကိုဒေါသထွက်ပြီးလေသံမာမာနဲ့ပြောလိုက်မိတာကို ယူဂျင်းက တစ်မျိုးတဖုံအထင်လွဲသွားပုံရသည်။

ထို့အတွက်ကြောင့် ယူဂျင်း ဒီထက်ပိုပြီးစိတ်မကောင်းမဖြစ်စေဖို့ သူ့ဘက်က အလျင်အမြန်
ပြန်ရှင်းပြလိုက်တော့၏။

"" ကိုယ်အခုပြောလိုက်တာတွေက မင်းကိုအပြစ်တင်တာမဟုတ်ပါဘူး ယူဂျင်းရယ် ""

I Cherish You Where stories live. Discover now