| 6 |

602 105 19
                                    

Christmasနေ့ဖြစ်သည့်အလျောက် ' Grace 'ဟိုတယ်တွင်နှစ်စဉ်ကျင်းပပြုလုပ်သည့် Christmas Eveအတွက် ဌာနတစ်ခုချင်းစီမှ ဟိုတယ်ဝန်ထမ်းတိုင်းမှာ အသေးစိတ်ကစလို့ အမှားအယွင်းမရှိရ‌လေအောင် ဂရုတစိုက်ပြင်ဆင်နေကြရသည်။

ထိုအထဲတွင် 'Grace၏မျက်နှာဖုံး 'ဟုဆိုလို့ရသည့် မုန့်များအား ဖန်တီးပြုလုပ်ကြရသည့် Kitchen Departmentရှိ ယူဂျင်းတို့၏ ' Pastry Kitchen ' ဟာဆိုရင်လည်း အဓိကနေရာတစ်ခုအနေဖြင့် ပါဝင်လျက်ရှိလေသည်။

ထိုအတွက်ကြောင့် intern‌လေးဖြစ်တဲ့ယူဂျင်းတောင် ဒီနေ့အတွက် အချိန်ပိုဆင်းပေးရသည့်အပြင် အလုပ်နှင့်လက်ပျက်သည်ဟူ၍မရှိပေ။

"" မျက်နှာလည်းမကောင်းပါလား
ဘာဖြစ်နေတာလဲ မင်း ""

"" ဘာမှမဖြစ်ပါဘူး စီနီယာ ""

စီနီယာဒုံဟွာပြောလာမှသာ ယူဂျင်း သူ့မျက်နှာအမူအရာက သူ့စိတ်အခြေအနေနဲ့လိုက်ပြီး သိသိသာသာပျက်ယွင်းနေလောက်သည်ကိုသတိပြုမိကာ ဟန်ဆောင်ပြုံးထားလိုက်ရသည်။

ဒီနေ့က Christmasနေ့ဆိုသော်ငြား သူ့စိတ်အခြေအနေမှာ ဆိုးဆိုးရွားရွား minusပြလို့နေပါသည်။ ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်ကိုတော့ဖြင့် သူကိုယ်တိုင်တောင်ရေရေရာရာမသိသေးပါချေ။

ကိုကို သူ့ကို Christmasလက်ဆောင်မဝယ်ပေးဖို့ တားမြစ်ထားလို့လား၊ ဒီမနက်နိုးနိုးချင်း ဘေးမှာ ဘယ်သူမှရှိမနေတဲ့ကုတင်ပေါ်ကနေရာလွတ်ကြောင့်လား၊ Merry Christmasလို့တောင်လာမပြောနိုင်‌သေးတဲ့ကိုကို့ကြောင့်လား ယူဂျင်း မစဉ်းစားတတ်တော့ပါ။

ပိုဆိုးတာက ဒီနေ့ကျမှပဲ ကိုကိုနဲ့Chefဆူအာက ခွဲမရတဲ့အမြွှာတွေလိုမျိုး တပူးပူးတတွဲတွဲဖြစ်နေတာပင်။ အလုပ်သဘောအရလို့ဆိုရအောင်လည်း တာဝန်ယူထားရတဲ့Kitchenချင်း‌တူမနေတဲ့ Chef နှစ်ယောက်က တစ်နေကုန်ပူးကပ်နေစရာဘာအကြောင်းမှမရှိပေ။

"" အတွဲရှိတဲ့သူတွေများကျတော့ ဘယ်သွားသွားနှစ်ယောက်တွဲလေးပါလားဟေ့ မိုက်တယ်နော် ""

အပြင်ဘက်ကိုငေးရင်း စပ်ဖြီးဖြီးထပြောလာတဲ့ စီနီယာတစ်ယောက်ရဲ့ရွှတ်နောက်နောက်စကားသံအဆုံး ယူဂျင်းမျက်လုံးတွေမှာလည်း Pastryရှေ့ကဖြတ်လျှောက်သွားကြသည့် ကိုကိုနဲ့ Chefဆူအာဆီအလိုလိုကပ်ပါသွားတော့သည်။

I Cherish You Where stories live. Discover now