Part - 2

2.2K 266 13
                                    

အား !!

စာလုပ်နေတုံး ရေချိုးခန်းထဲက အော်သံကြောင့် စာအုပ်ကိုပစ်ချပြီး ကျန်းဟာအို ရှိရာဆီ ပြေးရသည် ။
ကြမ်းပြင်ပေါ်ခွေခွေလေးလဲနေသူက ရေချိုးခန်းထဲ ခြေချော်ပြီးလဲကျနေတာဖြစ်လောက်ရဲ့

"ဟာအို ဘယ်လိုဖြစ်တာလဲ !! လာ ကျွန်တော့်ကိုတွဲ "

"ရတယ်။ ဘာမှမဖြစ်ဘူး"

သူကမ်းပေးတဲ့လက်ကို လျစ်လျူရှုပြီး ကိုယ်တိုင်ထရပ်တဲ့သူက ပြန်ခွေကျသွားတာမလို့ လှမ်းထိန်းကာ ပွေ့ချီလိုက်သည်။

"ဘာလုပ်တာလဲ ။ ပြန်ချပေး ! "

"လမ်းဖြင့်မလျှောက်နိုင်ပဲ၊ ကူညီတဲ့သူကို ကလန်ကဆန်မလုပ်ပါနဲ့ "

ထိုအတိုင်းပဲ ရေချိုးခန်းထဲကနေ ပွေ့ချီလိုက်ပြီး ဟာအို ရဲ့ ကုတင်ပေါ်ကို ချပေးလိုက်သည် ။ အဆစ်ယောင်သွားတာထင်သည်။ ခြေချင်းဝတ်ဖြူဖြူလေးက နီရဲလို့

"ကျွန်တော်ဆေးလိမ်းပေးမယ်နော်"

သူ့ခြေထောက်ကို ကိုင်ထားတဲ့ ဟန်ဘင်း လက်တွေကို ပုတ်ထုတ်လိုက်မိတယ်။

"ရတယ်။ ကိုယ့်ဘာသာလိမ်းလိုက်မယ်"

"ဟာအို ကျွန်တော့်ကို မကျေနပ်စရာများရှိနေတာလား။
ကျွန်တော့်ဘက်က ဘယ်လောက်ပဲရင်းနှီးအောင်နေနေ ဟာအို့ဘက်က အမြဲတမ်းတွန်းထုတ်နေတာ"

သူ စိတ်ထဲတနုံ့နုံ့ဖြစ်နေတဲ့ကိစ္စတွေကို အခုတစ်ခါတည်းဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။ မဟုတ်ရင် ကျန်းဟာအိုကြောင့် သူတစ်ယောက်တည်းအတွေးများရတယ် ။

"ကိုယ် Alpha တွေကို သဘောမကျဘူး ။ အနိုင်ယူစိတ်ပြင်းထန်ပြီး ပိုင်ဆိုင်လိုစိတ်များတဲ့သူတွေကို မုန်းတယ်။
ဖြစ်နိုင်ရင် Alpha တွေနဲ့ မပတ်သတ်ချင်ဘူး "

"ကျွန်တော်က ဟာအို ပြောတဲ့ Alpha ပုံစံနဲ့များ တူလို့လား။"

အမှန်အတိုင်းဝန်ခံရရင် မတူဘူး။ ဟန်ဘင်း က သူမြင်ဖူးတဲ့ Alpha တွေလို မဟုတ်ဘူး။ သူ့အပေါ်ကို နွေးနွေးထွေးထွေးဆက်ဆံပေးတယ်။ ဒါပေမယ့် သူ ဟန်ဘင်း နဲ့ မရင်းနှီးချင်ဘူး။ဟန်ဘင်းမှမဟုတ်ဘူး။ ဘယ် Alpha တွေနဲ့မှ မရင်းနှီးချင်တာ

My Ulterior OmegaWhere stories live. Discover now