Side Story - 2

1.9K 178 26
                                    

"MD- Kim JiWoong ရှိလား "

"အခန်းထဲမှာ ရှယ်ယာရှင်တစ်ယောက်နဲ့စကားပြောနေပါတယ် အကိုလေး "

ချွမ်ရွေ့ ကို ဒီကုမ္ပဏီက သားမှန်းလူတိုင်းကသိနေတာကြောင့် ကိုကို့အတွင်းရေးမှူးလေး ရိုရိုသေသေပြန်ဖြေသည်။

"ယောကျာ်းလား ၊ မိန်းမလား "

သူဟာ ကိုကို့ ကို အရမ်းတွန့်တိုတတ်မှန်း လူတိုင်းကသိနေတော့ အခုလိုမေးတာကိုလည်း အပြစ်မပြောနိုင်ကြ ။
သူ ကလည်း သူပဲ ။ ကိုကို နဲ့ပတ်သတ်ရင် ဘယ်သူ့ကိုမှစိတ်မချသလို နေရာတကာ လိုက်ပြီးသဝန်တိုနေမိသည်။

"မိန်းကလေးပါ အကိုလေး "

"ကျွန်တော် အခန်းထဲပဲဝင်သွားလိုက်တော့မယ် "

အထဲကို သူ ဝင်သွားတော့ ကိုကို က အမျိုးသမီးတစ်ယောက်နဲ့ စကားထိုင်ပြောနေသည်။ အခုတလော အလုပ်ကိစ္စအကြောင်းပြပြီး ကိုကို့နားမှာ အမြဲမြင်တွေ့နေရလို့ ထိုအမျိုးသမီးကို သူသိသည်။

ကိုကို့ဘက်က ထိုအမျိုးသမီးကို ဘာစိတ်မှမရှိမှန်းသူသိပေမယ့် ထိုAlphaအမျိုးသမီးကတော့ ကိုကို့အပေါ်မရိုးသားဘူး ။

"ကိုကို !! "

သူ ကိုကို့အနားကို ပြေးသွားကာ ကိုကို့ပုခုံးအပေါ်မှီချလိုက်တော့ ထိုအမျိုးသမီးမျက်နှာက ထိန်းမရအောင်ပျက်ယွင်းသွားသည်။ သူနဲ့ ကိုကို က အများအမြင်မှာ ညီအစ်ကိုဆိုပေမယ့် တကယ်တမ်းကျ သွေးသားမှမတော်စပ်ပဲ ။ဒါဆို တစ်ယောက်နဲ့တစ်ယောက် စိတ်မချပြီး သဝန်တိုနေတဲ့သူ နဲ့ ကိုကို့ရဲ့ အချစ်ကကော ညီအစ်ကိုအချစ်လို့ပြောလို့ရပါ့မလား ။

"ချွမ်ရွေ့ ၊ ကိုကို ဒီမှာဧည့်သည်ရောက်နေတယ်လေ။ ဘာလို့ ဝင်လာတာလဲ "

"ဝင်လာတော့ ဘာဖြစ်လို့လဲ ! ကိုကို့ရုံးခန်းက ကျွန်တော် ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက်လို့ရတဲ့နေရာပဲမလား "

"ဒါတော့ဒါပေါ့ ။ ဒါပေမယ့် အခု ကိုကို့ဆီမှာ ဧည့်သည် နဲ့ - "

"ဘာလို့ ကျွန်တော်က အဲ့တာတွေကို ဂရုစိုက်ရမှာလဲ"

ဧည့်သည်ရှိနေလို့ ဆက်ပြောမယ့်စကားတွေကို စိတ်ထဲမှာပဲ ထားလိုက်တော့သည် ။ သူနဲ့ဆို ချွမ်ရွေ့ က ဆိုးချင်တိုင်းဆိုးတာကို သူမငြိငြင်ပေမယ့် တခြားသူတွေက ဒီကလေးအပေါ် တစ်မျိုးထင်သွားမှာကို သူမလိုလားဘူး။

My Ulterior OmegaWhere stories live. Discover now