Part - 6

2K 217 68
                                    

ပါးနှစ်ဖက်မှာ အလုအယက်ကျဆင်းနေတဲ့ မျက်ရည်တွေကို ဟာအို က သူ့လက်တွေနဲ့ ခပ်ကြမ်းကြမ်းပွတ်သပ်ပစ်လိုက်သည်။ မျက်ရည်တွေထိန်းမရအောင် ကျဆင်းနေပြီး သူ့နှလုံးသားတစ်ခုလုံးလည်း စုတ်ဖြဲခံထားရသလို နာကျင်နေသည်။

"မင်းတို့တွေ သူ့ကိုနောက်တစ်ခါပြောဦးမှာလား ဟမ် ! "

"ဟန်ဘင်း တော်ပါတော့ ! သူတို့လည်း ငါ့ကိုတောင်းပန်ပြီးပြီပဲ"

နားထဲ အထပ်ထပ်အခါခါပြန်ကြားနေရတဲ့ စကားသံတွေ ။
ချွဲဂျီဝူး ရှေ့ကနေ သူရဲကောင်းတစ်ယောက်လို မားမားမတ်မတ်ကာကွယ်ပေးနေတဲ့ ဆောင်းဟန်ဘင်း ရဲ့ မြင်ကွင်းကလည်း မျက်လုံးထဲက ထွက်မသွားဘူး။

ချွဲဂျီဝူးက ဇာတ်လိုက်ဆို ဆောင်းဟန်ဘင်း က Omega လေးကို Alpha လူကြမ်းတွေလက်ထဲက ကာကွယ်ပေးတဲ့ မင်းသားလေးဇာတ်ရုပ် ။ သူ့ကို ချစ်ပါတယ်လို့ တဖွဖွပြောနေတဲ့ ဆောင်းဟန်ဘင်းက တခြားomega တစ်ယောက်အတွက် ဒေါသတကြီးတိုက်ခိုက်ခဲ့တယ် ဆိုတဲ့ အမှန်တရားက သူ့နှလုံးသားကို ဓားချွန်ချွန်နဲ့ ဆွဲခြစ်နေသလိုပဲ ။

သူ ဒီလိုပျော့ညံ့နေလို့ မရဘူး ဆိုတဲ့အသိနဲ့ မျက်ရည်တွေကို သုတ်ပစ်ကာ အဆောင်ကို ပြန်လာခဲ့လိုက်တော့သည်။
သူကလည်း သူပါပဲ ။ ပါးစပ်ကနေ ဆောင်းဟန်ဘင်း ကို မျက်နှာချင်းမဆိုင်ချင်ဘူးလို့ အခါခါပြောနေပေမယ့် လက်တွေ့မှာတော့ သူတို့အတူရှိတဲ့ အဆောင်ဆီကိုပဲ ပြန်လာနေမိတယ် ။ ဆောင်းဟန်ဘင်း နဲ့ ပတ်သတ်ရင် သူ့ရဲ့အသိစိတ်ကရော ၊ မသိစိတ်ကပါ ဒီAlpha လေးရဲ့ လက်ထဲကနေ ဝေးဝေးမပြေးနိုင်တဲ့ပုံပဲ ။

အဆောင်ပြန်ရောက်တာနဲ့ ရေချိုးခန်းထဲဝင်ပြီး မျက်နှာကို သစ်ပစ်လိုက်တယ် ။ပြီးတာနဲ့ ကုတင်ပေါ်တတ်ကာ စောင်ကိုခေါင်းမှီးခြုံပြီး လှဲနေလိုက်တော့သည်။ ကျောင်းက အဖြစ်အပျက်တွေကြောင့် ဘာမှလုပ်ကိုင်ချင်စိတ်မရှိတော့အောင် အားအင်ကုန်ခမ်းသွားတယ်။

အခန်းတံခါးဖွင့်ကာ အထဲဝင်လာတဲ့ ခြေသံတွေ ၊ သူ့အနားကို လျှောက်လာပြီး သူ့လှဲနေတဲ့ကုတင်ထောင့်လေးမှာ လာထိုင်တဲ့ အထိအတွေ့ကို သူခံစားနေရသည်။ ဒါပေမယ့် သူမလှုပ်မယှက်ပဲ ဆက်လှဲနေလိုက်တယ် ။

My Ulterior OmegaWhere stories live. Discover now