Part - 14

2K 238 38
                                    

ဖုန်းထဲကို ပို့လာတဲ့ လိပ်စာတစ်ခုကြောင့် အရောက်သွားတော့ ဟန်ဘင်း မြင်လိုက်ရတာ အိမ်တစ်လုံး ။‌ဒါပေမယ့် အဲ့အိမ်ကို သူ မြင်ဖူးနေတယ်။

အိမ်တံခါး password ကိုလည်း ပို့ထားတာမို့ တံခါးကို ဖွင့်ဝင်သွားတော့ အိမ်ထဲဝင်ဝင်ချင်းမှာတင် သူ့ရဲ့ဓာတ်ပုံကြီးက ထင်းခနဲ ။ ဘေးပတ်ပတ်လည်က နံရံတိုင်းမှာလည်း ခိုးရိုက်ထားမှန်းသိသာတဲ့ သူ့ရဲ့ဓာတ်ပုံတွေ ။

သူ့ကိုစိတ်ဝင်စားနေမှန်းသိပေမယ့် အဲ့လောက်ထိရူးသွပ်နေလိမ့်မယ်လို့ မထင်ထားခဲ့တာ အမှန် ။ ချစ်တယ်လို့ခေါင်းစဉ်တပ်ပြီး ရူးနေတာ ။ အဲ့လိုရူး‌နေလို့လည်း ဟာအို ကို လုပ်ကြံရဲတာ ။

Ring Ring

အိမ်ထဲကို လှည့်ပတ်ကြည့်နေတုံး ဝင်လာတဲ့ဖုန်းကောလ်တစ်ခု။ contact name က "ကလေးပိစိလေး" ။
ဒီနာမ်စားက ကလေးဆန်တယ်ဆိုတာ သိပေမယ့် ဟာအို ကို သူ့မျက်လုံးထဲ ကလေးလိုပဲ မြင်နေမိတာလေ ။

"ရောက်လာပြီလား ဟန်ဘင်း "

ဟာအို ရဲ့ ဖုန်းကို ကိုင်ဖို့လုပ်လိုက်ပေမယ့် ကြားလိုက်ရတဲ့အသံကြောင့် အမြန်ချပစ်ရသည် ။

လှေကားထိပ်ကနေ သူ့ကို ပြုံးကြည့်နေတဲ့ ချွဲဂျီဝူး ။
ရုပ်လေးနဲ့မှမလိုက် အောက်တန်းကျလိုက်တဲ့ကောင် ။ သူကတော့ သူငယ်ချင်းတစ်ယောက်လိုကောင်းပေးခဲ့ရတာ။ အဆုံးသတ်ကျ သူ့ချစ်သူကို သေကြောင်းကြံစည်သတဲ့။

ချွဲဂျီဝူး မျက်နှာကို မြင်တာနဲ့ စိတ်ထဲမှာဖုံးထားတဲ့ ဒေါသစိတ်တွေ ပေါ်ထွက်လာပြီး လှေကားပေါ်ပြေးတတ်ကာ လှေကားထိပ်မှာရပ်နေသူရဲ့ မျက်နှာကို ဆွဲထိုးလိုက်တော့သည်။

Dominant Alpha တစ်ယောက်ရဲ့အားဖြစ်တာမို့ နှုတ်ခမ်းက ချက်ချင်းကို သွေးတွေစီးကျလာတော့သည်။ Omega တစ်ယောက်အပေါ် အနိုင်မကျင့်ရဘူးဆိုတဲ့ ကျင့်ဝတ်ကို သူသိတယ် ။ ဒါပေမယ့် သူ့ချစ်သူကို သတ်ဖို့လုပ်ခဲ့တဲ့ ဒီကောင့်ကိုတော့ ခွင့်မလွှတ်နိုင်ဘူး။

ကြမ်းပြင်ပေါ်လဲကျသွားသူကို အင်္ကျီကော်လံကနေဆွဲထူပြီး တစ်ချက်ပြီး တစ်ချက်ထိုးနေမိသည်။ ချွဲဂျီဝူး က ဒီလိုမျိုးနဲ့ပဲတန်တယ် ။
မီးဆိုင်းကြီး ဟာအို ပေါ် ပြုတ်ကျတဲ့အချိန် ၊ တစ်ကိုယ်လုံး သွေးအလိမ်းလိမ်းနဲ့ ဆေးရုံကို အမြန်သွားခဲ့တဲ့အချိန်တွေကို သူ့မျက်လုံးထဲ မြင်ယောင်လာတိုင်း ချွဲဂျီဝူး ကို သတ်ပစ်ချင်လာရတယ် ။

My Ulterior OmegaWhere stories live. Discover now