Part - 10

1.9K 260 44
                                    

'ချွမ်ရွေ့ရောက်နေတယ်' ဆိုတဲ့ စကားကြောင့် သူတို့အိမ်ထဲက ပန်းခြံလေးဆီကို ဟန်ဘင်း ထွက်လာခဲ့လိုက်သည်။
သူ ရောက်သွားတော့ ချွမ်ရွေ့ဟာ သူ့လက်ကို အားကိုးတကြီးဆုပ်ကိုင်လာတယ် ။ တစ်ညလုံး ငိုထားမှန်းသိသာတဲ့ ဖောင်းအစ်အစ် မျက်ခွံတွေနဲ့ ဒီကောင်လေးဟာ အခုလည်းငိုရင်း သူ့ကို တောင်းဆိုလာပြန်တယ်။

"ဟျောင်းလ် ၊ စေ့စပ်ပွဲကို ‌ဟျောင်းဘက်က ဖျက်ပေးလို့မရဘူးလား ။ "

"........"

"ကျွန်တော်တို့လည်း တစ်ယောက်ကို တစ်ယောက်မှ မချစ်ကြပဲ ။ ကျွန်တော်ကပဲ တောင်းပန်ပါတယ်။ စေ့စပ်ပွဲကို ကျွန်တော့်ဘက်က ဖျက်လို့မရတဲ့ အကြောင်းတွေကြောင့် ဟျောင်း  ဘက်ကပဲ ဖျက်ပေးပါလား ။ ကျွန်တော် တောင်းဆိုနေတာပါ"

"စေ့စပ်ပွဲကို ဟျောင်း ဘက်က ဖျက်ပေးဖို့ အစီအစဉ်မရှိဘူး။ ချွမ်ရွေ့ "

ဒီစကားတွေကို ပြုံးပြုံးလေးနဲ့ ပြောလာတဲ့ ဟန်ဘင်းကြောင့် ချွမ်ရွေ့ဟာ မယုံကြည်နိုင်မှုတွေနဲ့အတူ အံ့အားသင့်သွားရတော့သည်။

"ဟျောင်း _ဘာတွေပြောနေတာလဲ "

အံ့ဩနေတဲ့မျက်ဝန်းတွေနဲ့ သူ့ကို ကြောင်ငေးနေတဲ့ ချွမ်ရွေ့ကို ပွေ့ဖက်လိုက်ရင်း ဆံနွယ်ဝါဝါလေးတွေကို နူးနူးညံ့ညံ့လေးပွတ်သပ်လိုက်တော့သည်။ ထို့နောက် တိုင်ပင်တာမျိုးမဟုတ်ပဲ  တစ်ဖက်ကငြင်းခွင့်မရှိတဲ့ အသိပေးခြင်းလေသံမျိုးနဲ့ သူ့နှုတ်ကနေ တစ်လုံးချင်းထွက်ကျလာတဲ့ စကားလုံးတွေ ။

"ဟျောင်းတို့ စေ့စပ်ကြရအောင် ချွမ်ရွေ့ "

-

-

"ဟန်ဘင်း ၊ မေမေ့ရဲ့ သဘောအတိုင်း စေ့စပ်ပွဲကိုလက်ခံလိုက်တာ မှန်တယ် ။ မေမေ့သားလေးက လိမ္မာတယ် ။"

မေမေ က သူ့လက်ကို ကိုင်ရင်း ဝမ်းသာအားရနဲ့ သူ့ကို ချီးကျူးနေသေးသည်။ ဒါ့အပြင် အတူတူထိုင်နေတဲ့ သူနဲ့ ချွမ်ရွေ့ ကိုလည်း လိုက်ဖက်တယ်လို့ တဖွဖွပြောနေသေးပြန်သည်။

"စေ့စပ်ပွဲကို သားတို့ ဘယ်လိုလုပ်ချင်သေးလဲ "

"မေမေ အဆင်ပြေသလိုလုပ်ပါ ။ ကျွန်တော်အားလုံးလက်ခံပါတယ် "

My Ulterior OmegaWhere stories live. Discover now