Part - 8

1.9K 232 44
                                    

မနက်အိပ်ရာနိုးထဲက ဟန်ဘင်း ရဲ့ မျက်နှာဟာ မှိုရသလို ပြုံးနေတာဖြစ်သည်။ အကြောင်းကတော့ တခြားမဟုတ်။
ညကမက်တဲ့အိပ်မက်ထဲမှာ ဟာအို က သူ့နဖူးလေးကို နမ်းပြီး ချစ်တယ်လို့ပြောတယ်တဲ့ ။ ဒါဟာ မကြာခင် ဟာအိုက သူ့နဖူးကို တကယ်နမ်းလာမယ်ဆိုတဲ့ အတိတ်နမိတ်ကောင်းတစ်ခုလို့ သူကတော့ သတ်မှတ်လိုက်တာပဲ ။

အဲ့လိုသတ်မှတ်ပြီးထဲက မျက်နှာသစ်တော့လည်း တပြုံးပြုံး ၊ မနက်စာစားတော့လည်း တပြုံးပြုံး ၊ နောက်ဆုံးကျောင်းသွားနေတဲ့လမ်းတစ်လျှောက်လုံးမှာလည်း မျက်နှာပိုးမသေ ။ ပြုံးဖြီးဖြီးဖြစ်နေတဲ့ ဟန်ဘင်းကတော့ သူ့မျက်နှာကို အကဲခတ်နေတဲ့ ဟာအို ရဲ့ စုံထောက်မျက်လုံးများကို မမြင်မိ ။

မိုးလင်းထဲက ထိန်းမရ၊ ပြုမရ ၊ ပြုံးဖြီးဖြီးဖြစ်နေတဲ့ ဟန်ဘင်း မျက်နှာကို ဟာအိုဟာ အချိန်ပြည့်အကဲခတ်နေတော့တာဖြစ်သည်။ အခုလည်း ကျောင်းကန်တင်းမှာထိုင်နေရင်း ဘယ်လောက်တောင်အတွေးလွန်နေလဲမသိ ၊ ထိုင်ပြီးပြုံး‌နေတာများ ရှေ့တည့်တည့်ကနေ အကြည့်စူးစူးတွေနဲ့ ထိုင်ကြည့်နေတဲ့သူ့ကိုတောင်မမြင်။

ဆောင်းဟန်ဘင်း တစ်မနက်လုံး ပြုံးဖြီးနေတာ ဘာကြောင့်များလဲ ။

မဟုတ်မှလွဲရော ဟန်ဘင်းကို မနေ့က ဖုန်းနံပါတ်လာတောင်းတဲ့ ကောင်မလေးကြောင့်များလား ။

မနေ့က နှစ်ယောက်အတူအေးဆေးလမ်းလျှောက်ချင်လို့ ဟန်မြစ်ကို သွားခဲ့ပေမယ့် ဆောင်းဟန်ဘင်း ကို ပေါ်တင်တစ်မျိုး၊ မပေါ်မထင်တစ်မျိုး ငေးနေတဲ့လူတွေကြောင့် သူ့မှာအေးဆေးကိုမနေခဲ့ရဘူး။ဒီကြားထဲ ကောင်မလေးတစ်ယောက်က အရဲစွန့်ပြီး ဖုန်းနံပါတ်လာတောင်းပြန်တယ်။ ဒါကို ဟန်ဘင်း က ကောင်မလေးကို ဘာတွေတိုးတိုးလေးကပ်ပြောလိုက်လဲမသိ၊ ပြုံးရယ်ပြီး ပြေးထွက်သွားတယ်။ အဲ့ထဲက သူ့စိတ်ထဲတနုံ့နုံ့ ။
ဒါ့အပြင် တစ်မနက်လုံပြုံးဖြီးနေတဲ့ ဟန်ဘင်း ကြောင့် အတွေးများရတော့သည်။

ဟန်ဘင်း ကို မယုံတာမျိုး မဟုတ်ပေမယ့် သူဟာ နဂိုထဲကအတွေးများတဲ့သူ ။ ဟန်ဘင်း ကို သိပ်ချစ်လွန်းတော့ သေးသေးလေးကအစ သဝန်လိုက်တိုနေတတ်တာမျိုး ။

My Ulterior OmegaWhere stories live. Discover now