Final

2.6K 260 106
                                    

"ဟန်ဘင်း ကို မခေါ်တော့ဘူး ! မင်္ဂလာပွဲမှာ ဟန်ဘင်းက ငိုလည်းမငိုဘူး။ အများကြီး စိတ်ဆိုးတယ် ! "

မင်္ဂလာပွဲလုပ်တဲ့ Hotel ကနေ သူတို့နှစ်ယောက်အတူနေမယ့်အိမ်ကိုသွားနေတဲ့ တစ်လျှောက်မှာလည်း ရစ်လုံးလေးက တပူပူ နဲ့ ရစ်လို့မပြီး ။
ကားမောင်းနေတုံးဖြစ်တာကြောင့်ရော၊ တော်တော်နဲ့ စိတ်ဆိုးပြေမယ့်ပုံလည်းမရှိတာကြောင့်  အိမ်ရောက်မှပဲ အေးဆေးချော့မယ်ဆိုပြီး ဟန်ဘင်း က စိတ်ကူးထားလိုက်သည်။

သို့ပေမယ့် ကျန်းဟာအိုလေးဟာ နှုတ်ခမ်းလေးကိုထော်ပြီး ပြောနေတာကြောင့် ဟန်ဘင်းမှာ နမ်းချင်စိတ်ကို မနည်းထိန်းထားရသည်။

"ဟန်ဘင်း က ကားဆက်မောင်းနေရင် ငါ အကြီးကြီးစိတ်ဆိုးတော့မှာနော် ! "

"ဟော_ ဘာဖြစ်ရပြန်တာလဲ။ ဟာအိုလေး"

"ငါစိတ်ဆိုးနေတာကို ဟန်ဘင်း က မချော့ဘူးလေ !
ကားပဲဆက်မောင်းနေတော့တာ။ တစ်ယောက်တည်းစိတ်ဆိုးနေရတာ အရူးကြီးကျနေတာပဲ "

မကျေနပ်ကြောင်း မျက်လုံးလေးတွေတွန့်ချိုးပြီး ပြောလာတဲ့အပြင် lover seat ကနေလည်း သူ့လက်မောင်းကို လှမ်းထိုးလာသေးသည်။

"ပစ်ထားရက်တော့လည်း ပစ်ထားပေါ့။ကိုယ့်ဘာသာပဲ ငြိမ်ငြိမ်လေးနေပါ့မယ်"

မျက်နှာလေးကိုငယ်ချပြီး ဘေးရှုခင်းတွေကို အကြည့်လွှဲလိုက်တာမို့ ဟန်ဘင်းဟာ ကားကို လမ်းဘေးမှာထိုးရပ်လိုက်ရတော့သည်။
ကျန်းဟာအို လေးက သိပ်ကိုဆိုးနေတာ။ သူ့ကို ချစ်ဖို့ကောင်းတဲ့နည်းတွေနဲ့ အနိုင်ယူနေတာ ။

လက်ထပ်ခွင့်တောင်းခဲ့တုံးက ဟာအို ပြောခဲ့တဲ့ 'လက်ထပ်ပြီးရင် ငါက အဆိုးလေးလုပ်တော့မှာ ' ဆိုတဲ့ စကားကို မှတ်မိပါသေးတယ်။ တကယ်အဲ့စကားအတိုင်း တနေ့တခြားအဆိုးလေး ဖြစ်လာတော့တာပဲ။

"ဟာအိုလေး။ ဟာအို ။ ကလေးလေး "

"ဘယ်သူလဲနော်။ ဟန်ဘင်း ကို မသိပါဘူး "

ကျန်းဟာအိုလေးရဲ့ ချစ်ဖို့ကောင်းမှုက တကယ်ကြီး ဘယ်သူမှလိုက်မမှီတော့တဲ့ အခြေအနေတစ်ခုမှာ ။

My Ulterior OmegaWhere stories live. Discover now