Part - 3

2.3K 264 20
                                    

"ဟာအို ကျောင်းသွားတော့မှာလား။ ကျွန်တော်လည်း အခုပဲသွားတော့မှာ ၊ အတူတူသွားကြမယ်လေ"

အတန်းခေါင်းဆောင်ဖြစ်တဲ့ ဆောင်းဟန်ဘင်း က ကျောင်းကိစ္စတွေအတွက် ကျောင်းကို စောစောသွားတတ်ပေမယ့် အခုရက်ပိုင်းမှ သူကျောင်းသွားချိန်ကိုစောင့်ပြီး အတူတူသွားနေတာဖြစ်တယ်။ ကျောင်းသွားချိန်ဘေးကလူတစ်ယောက်အဖော်ပါတာကိစ္စမရှိပေမယ့် အတန်းသားတွေရဲ့ သူတို့အပေါ် ဟိုလိုလို၊ဒီလိုလိုအကြည့်တွေကို သူ မကြိုက်ဘူး။

သူခြေထောက်ခေါက်လဲပြီးထဲက ဟန်ဘင်း နဲ့ သူ့ရဲ့ ဆက်ဆံရေးက အရင်ကလို ဆောင်းဟန်ဘင်းမျက်နှာမြင်ဝေးဝေးရှောင်တဲ့ အဆင့်မဟုတ်တော့ပေမယ့် တရင်းတနှီးခင်မင်လာတာမျိုးတော့လည်း မဟုတ် ။ အတန်းဖော်၊အခန်းဖော်ရင်းနှီးမှုမျိုးလောက်သာ။ Alpha တစ်ယောက်နဲ့တော့ မိတ်ဟောင်းဆွေဟောင်းလို  မရင်းနှီးချင်ဘူး။ ရင်းနှီးလည်း သူ့အတွက် ကောင်းကျိုးမရှိဘူးလေ ။ သို့ပေမယ့် ဟန်ဘင်းဘက်ကတော့ သူ့ကို တော်တော်ခင်ပုံရပါတယ်။

"ဟာအို ၊ တစ်ခုလောက်မေးလို့ရမလား "

"မေးလေ "

"ဟာအို က လက်တွဲဖော်ကို ဘယ်လိုလူမျိုးကို ရွေးချယ်မှာလဲ"

ကျောင်းလမ်းမကြီးမှာ ဘေးချင်းကပ်လျှောက်နေရင်း သူ့အပေါ် နေရောင်မကျအောင် ထီးမိုးပေးကာ ဟန်ဘင်း က သူ့ကို မေးခွန်းထုတ်လာသည် ။  ပြီးတော့ သူ့ကိုလည်း တလက်လက်တောက်နေတဲ့ မျက်ဝန်းတွေနဲ့ ငေးနေးသေးတယ်။

အခုရက်ပိုင်း ၊တိတိကျကျပြောရမယ်ဆိုရင်တော့ သူအရက်မူးလာတဲ့မနက် ၊ ဟန်ဘင်း က သူနားမလည်နိုင်တဲ့ "အဖြေသိပြီ " လို့ပြောပြီးတဲ့နေ့ထဲက သူ့ကို အခုလိုမျက်ဝန်းတွေနဲ့ ငေးကြည့်နေတော့တာဖြစ်သည်။ ဒီတစ်ခုတည်းတော့လည်းမဟုတ် ၊ အကြောင်းအရင်းမရှိလည်း အချိန်တိုင်း သူ့ကိုကြည့်နေပြန်တယ်။ ပြီးတော့ သူ့ကိုလည်း တခြားသူငယ်ချင်းတွေထက် ဂရုတစိုက်ဆက်ဆံလာတယ်။ ဆောင်းဟန်ဘင်း ရဲ့ လုပ်ရပ်တွေကို သူနားမလည်နိုင်တာ အမှန် ။

"ကိုယ့်အပေါ် နားလည်မှုရှိပြီး အရမ်းချစ်ပေးမယ့်လူမျိုးပေါ့။စိတ်ထားလည်းကောင်းရမယ်၊ သစ္စာလည်းရှိရမယ် ၊ ရိုးရိုးအေးအေးလေးပေါ့ ။ ဟန်ဘင်း လို တတ်တတ်ကြွကြွရှိတဲ့ပုံစံမျိုးကိုလည်း ကိုယ်သဘောကျတယ်"

My Ulterior OmegaWhere stories live. Discover now