Extra - 1

2.5K 220 44
                                    

"ဟန်ဘင်း မပြီးသေးဘူးလား။ ငါးနာရီကျော်နေပြီ"

ကားသော့လေး အိမ်ထဲဝင်ယူရုံပဲရှိသေးတယ်။ ဘဲပေါက်လေးဟာအို က အိမ်ရှေ့ကနေ တကြော်ကြော်အော်နေလေပြီ။
၅ မိနစ်တောင်မကြာတာကို မစောင့်ချင်ဘူး။ သူ့မှာတော့ အလှကြိုက်လေးကျန်းဟာအို ပြင်ဆင်လို့မပြီးမချင်း ဆိုဖာမှာထိုင်စောင့်နေရတာကို ။  ထုတ်တော့မပြောလိုက်ပါဘူး။ တော်ကြာ စိတ်ဆိုးသွားမှ အမေတို့ဆီ ဖုန်းဆက်တိုင်နေဦးမယ်။

သူတို့နှစ်ယောက် လက်ထပ်ပြီးထဲက မေမေတို့နဲ့ တစ်လတစ်ခါလောက် ညစာအတူစားဖြစ်တယ်။ အိမ်မှာဆို နှစ်ယောက်တည်းမို့ မိသားစုရဲ့အငွေ့အသက်လေးလည်း ဟာအို ကို ခံစားစေချင်တယ်လေ ။

အချွဲတုံးလေး ကျန်းဟာအို ကို ဘယ်သူက မချစ်ပဲနေနိုင်ပါ့မလဲ။ အစတုံးက မေမေက သဘောမတူခဲ့သလောက် လက်ထပ်ပြီးထဲက ကျန်းဟာအိုမှ ကျန်းဟာအို ဖြစ်နေတော့သည်။ အချွဲလေးကလည်း အလိုက်သိလွန်းတာမို့ တစ်အိမ်လုံးရဲ့ စုပုံချစ်လေးဖြစ်နေတာ မဆန်း ။ ဟန်ဘင်းက သားမက်ဖြစ်ပြီး ဟာအို က သားအရင်းဖြစ်နေပြီထင်ပါတယ်။

မေမေတို့နဲ့ ချိန်းထားတာက ၇ နာရီမှကို ကျန်းဟာအိုလေးဟာ အခုချိန်ထဲက စိတ်လောနေလေရဲ့ ။ ဟိုရောက်ရင်လည်း သူ့ Omega ပိစိလေးရဲ့ ချွဲသံလေးတွေကို ကြားရဦးမယ်ထင်တယ်။

"ဟာအိုလေးရယ် ။ ကားသော့ယူတာ ခဏလေးကို"

"ကားသော့ယူတာပဲ မဟုတ်ပါဘူးနော်။ ဟန်ဘင်း စောနက ဆံပင်ကိုသနေတာ မြင်သားပဲ။ အဲ့တာကို ကြည့်မရလို့"

ကျန်းဟာအိုလေးဟာ ချစ်ဖို့ကောင်းအောင်လည်း သဝန်တိုတတ်သေးသည်။

သူတို့ရဲ့ တစ်နေ့တာဟာဒီလိုပါပဲ ။ ချစ်ဖို့ကောင်းတဲ့ ကျန်းဟာအိုလေးကို သူက အသဲယားလိုက် ၊ အကြောင်းပြချက်ပိစိလေးတွေနဲ့ ဟာအို က သူ့ကို သဝန်တိုလိုက်နဲ့ ။ အေးချမ်းတဲ့ချစ်ခြင်းမေတ္တာဆိုတာ ဒါမျိုးထင်ပါတယ်။

-

-

"ဟန်ဘင်း _ နောက်ကျလိုက်တာကွယ်"

" ဖေဖေတို့ ရောက်နေတာကြာပြီလား။ လမ်းမှာ ကားပိတ်နေလို့ ကြာသွားတာ "

My Ulterior OmegaWhere stories live. Discover now