Part - 11

2.1K 258 66
                                    

"ကားရပ်ပေး ! ဟန်ဘင်း ၊ အခုကားရပ်ပေးလို့ ! "

"ဟာအိုလေး ကိုယ့်ကို ဘာတွေစိတ်ဆိုးနေတာလဲ "

"ငါ့ကိုဘယ်ခေါ်သွားနေတာလဲ ။ ဒီနေ့က မင်းရဲ့စေ့စပ်ပွဲမလား။ မင်းနဲ့မလိုက်နိုင်ဘူး လို့ ! "

ဘောက်ဆတ်ဆတ်နဲ့ သူ့အပြောတွေကို ဟန်ဘင်းက အသဲယားဟန်ပြုရင်း ကားမောင်းလည်းမပြတ်စေပဲ သူ့ရဲ့ပါးတွေကို လက်တစ်ဖက်နဲ့ ဆွဲညှစ်ပစ်သည် ။ ကျွန်တော်လို့ သုံးနေရာကနေ 'ကိုယ်' လို့ပြောင်းသုံရုံသာမက ဒေါသထွက်နေတဲ့ သူ့မျက်နှာကိုလည်း ကြည်ကြည်နူးနူးကြည့်နေပြန်တယ်။

အခုက ဒီလိုတွေလုပ်နေရမယ့်အချိန်လား ။ ဘာတွေဖြစ်ပျက်နေလဲဆိုတာ သူ့ကို ပြောပြရမှာပေါ့ ။ ဒီနေ့က ဟန်ဘင်း ရဲ့ စေ့စပ်ပွဲလေ ။ အဲ့တာကို ပွဲမှာမရှိပဲ ဘာလို့ သူ့ကိုခေါ်ပြီး အဝေးပြေးလမ်းပေါ်ရောက်နေရတာလဲ ။

"အဓိကလူနှစ်ယောက်လုံးမရှိမှတော့ အဲ့ပွဲက ဖြစ်ပါဦးမလား။ပြီးတော့ ကိုယ်က ကျန်းဟာအိုလေးနဲ့ မဟုတ်ပဲ ဘယ်သူနဲ့စေ့စပ်ရမှာလဲ"

"ဒါဆို ပွဲကပျက်သွားတာလား "

"ဒါပေါ့ ။ အဲ့တာကြောင့် ကိုယ့်ကို ယုံပြီးစောင့်လို့ပြောတာပေါ့"

"မင်းပြောတော့ ပွဲကို မဖျက်နိုင်ဘူးလေး၊ ဘာလေး နဲ့ "

"ပွဲက ကိုယ်မဖျက်လည်း အလိုလိုပျက်မှာပဲကို ။ ချွမ်ရွေ့ နဲ့ ကိုယ်က လူကြီးတွေကိုအယုံသွင်းပြီး ကိုယ်လိုချင်တဲ့အရာကို ရအောင်ယူရုံလေး"

"အဲ့တာဆို ငါ့အကိုတွေနဲ့ မင်းက တစ်ဖွဲ့တည်းပေါ့ "

"ဒါပေါ့ ။ ယောက်ဖနှစ်ယောက်လုံးက သူတို့ညီလေးပျော်တာပဲမြင်ချင်လို့တဲ့ ။ ဒါပေမယ့် ဟာအိုနဲ့ သဘောတူပေးဖို့ သူတို့ကို မနည်း‌ခွင့်တောင်းထားရတာနော် "

ဒီနေ့မနက်ထဲက သူ့အကိုတွေ မူမမှန်ဖြစ်နေတာ ဒါကြောင့်ကိုး ။ မနက်သူအိပ်ရာနိုးတော့ ခရီးထွက်မယ်လို့ ရုတ်တရက်ကြီး လာပြောတဲ့အပြင် လိုအပ်တဲ့မှက်ပုံတင်တွေကိုလည်း အဆင်သင့်ပြင်ခိုင်းထားသေးတာ ။ ပြင်ဆင်ပြီးတော့ ကားထဲမှာစောင့်နေဆိုလို့ သူကထိုင်စောင့်နေတုံးပဲရှိသေးတယ်။ ဆောင်းဟန်ဘင်း က ဘယ်ကဘယ်လိုရောက်လာမှန်းမသိပဲ ၊ ကားကို ဇွတ်မောင်းတော့တာပဲ ။

My Ulterior OmegaWhere stories live. Discover now