Part - 15

2.2K 260 49
                                    

ဆောင်ဟန်ဘင်း ဆိုတဲ့သူက အကြင်နာမေတ္တာတရားမရှိတဲ့သူတော့မဟုတ်ဘူး ။ သို့ပေမယ့် သူ့ရဲ့ အကြင်နာတရားတွေက ကျန်းဟာအို တစ်ယောက်တည်းအတွက်။

သူ့အပေါ်မှာထားတဲ့ ချွဲဂျီဝူးရဲ့ မေတ္တာအတိမ်အနက်ကို သူမသိတာမဟုတ်ပေမယ့် အခုလောက်ထိ ပြင်းထန်လိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး။
သူက တခြားသူတွေထက် ဘာတွေများထူးခြားနေလို့ သူ့အပေါ်အဲ့လောက်ထိ ချစ်ရတာလဲ လို့ မေးလို့ရရင် မေးလိုက်ချင်သေးတယ်။

ကျောင်းရှေ့မှာ အမြဲတမ်းထိုင်ငိုနေတတ်တဲ့ ကောင်လေးက သနားစရာကောင်းလို့ သူ့ဘက်က စပြီးမိတ်ဆက်ရာကနေ သူက ချွဲဂျီဝူး နဲ့ သူငယ်ချင်းဖြစ်ခဲ့သည်။ အဲ့ကနေစလို့ သူ နဲ့ ချွဲဂျီဝူးက အမြဲတမ်းတပူးပူးတတွဲတွဲ နဲ့ ပေါင်းဖြစ်ခဲ့သည်။ ဒါကလည်း သူ့ကို အမြဲအလျှော့ပေးတတ်တဲ့ ချွဲဂျီဝူးကြောင့် ။

သူ နဲ့ အလယ်တန်းထဲက ပေါင်းခဲ့တဲ့ သူငယ်ချင်းတစ်ယောက်က သူ့ကိုယ်သူအဆုံးစီရင်သွားတယ်ဆိုတော့  သူလည်း စိတ်မကောင်းပါဘူး။ ဒါပေမယ့် မသနားမိဘူး။ ချွဲဂျီဝူးလုပ်ခဲ့သမျှက ခွင့်လွှတ်စရာမှ မရှိပဲ ။

သူတို့ကို စိတ်အနှောင့်အယှက်ပေးပြီး ဟာအို ကို အသက်အန္တရာယ်ထိခိုက်အောင်လုပ်‌တဲ့သူလည်း မရှိတော့ဘူး။
မိဘတွေကလည်း သဘောတူထားပြီးသားဆိုတော့ သူတို့နှစ်ယောက်ကြား ဘာအခက်အခဲမှ မရှိတော့ဘူး။

ပြဿနာအရှုပ်အရှင်းတွေ အားလုံးပြီးစီးသွားချိန်မှာ ဆောင်းဟန်ဘင်းက‌တော့ သူ့ရဲ့ Omega လေးကို ရင်ခွင်ထဲတင်းတင်းဖက်လို့ အလှဆုံးလေး ပြုံးနိုင်ခဲ့ပါတယ် ။

-

-

အလှဆုံးလေးပြုံးနိုင်ခဲ့တဲ့ ဟန်ဘင်း ဟာ  လက်ရှိမှာတော့ တော်တော်ကို ငိုချင်နေပါတယ်။ အကြောင်းပြချက်က‌တော့ ကျန်းဟာအို လေး စိတ်ကောက်နေလို့ ။ သူ့ဖုန်းကိုလည်းမကိုင်တာမို့ ဟန်ဘင်းအတွက်  မြင်မြင်သမျှ ဒေါသထွက်စရာတွေချည်း ။

ဟန်ဘင်းအတွက် ကျန်းဟာအို ပဲ အရေးကြီးတာ။ ကျန်းဟာအိုလေး စိတ်ကြည်နေရင် ရာသီဥတုသာယာပြီး စိတ်ဆိုးနေရင်တော့ ပတ်ဝန်းကျင်ကအစ အကျည်းတန်နေပါလိမ့်မယ်။
မနေ့ညထဲက စိတ်ကောက်နေတာမို့ မနက်အိပ်ရာနိုးထဲက ဟန်ဘင်းဟာ ဟာအိုရဲ့အိမ်ကို သွားဖို့ပြင်နေပြီ။  ကိုယ့်စိတ်လေးနေသာထိုင်သာရှိဖို့ ကျန်းဟာအို လေးကို အိမ်တိုင်ရာရောက် သွားချော့ရဦးမည်။

My Ulterior OmegaWhere stories live. Discover now