•ထယ်ရယ် ဒီနေ့ရော ဘာလုပ်ဖြစ်လဲ?
•အခြေအနေမကောင်းပါဘူးကွာ ရည်းစားနဲ့ ရန်ဖြစ်ထားတယ်
•ဟောလ်~!! ရန်ဖြစ်ကြပြန်ပြီလား? အဲ့ကောင်က တစ်မျိုးပဲနော် မင်းကို သိပ်ပြီးပျော်အောင် မထားသလိုပဲ
•အင်း ဒီလိုပါပဲ
•သူ့ကိုဖြတ်လိုက်ပြီး ငါနဲ့တွဲရင် အဲ့ကောင်ထက် မင်းအပေါ် ပိုကောင်းပေးမယ်|
အီဂျောင်ဟျွန်း ရိုက်ထားလက်စစာကို စိုက်ကြည့်နေရင်း ပို့ရကောင်းမလား မပို့ရကောင်းမလား တွေးနေတုန်းမှာပဲ အသိစိတ်ထိန်းပြီး အကုန်ပြန်ဖျက်မိလိုက်သည်။
•အရမ်းကြီးလည်း ဝမ်းနည်းမနေပါနဲ့ ထယ်ရယ်ရာ
•အင်း ဝမ်းမနည်းတော့ပါဘူး၊ ကျေးဇူးပဲနော် အီဂျောင်!
လိုင်းပေါ်ကဆင်းသွားတာကြောင့် active nowပျောက်သွားသည့် ထယ်ရယ်ရဲ့accountကိုကြည့်ရင်း အီဂျောင် ပြုံးပဲပြုံးမိလိုက်သည်။
ထယ်ရယ်က သူ့ကို friendzoneထဲ ထည့်ထားတာ အရမ်းကို ကြာနေပြီမထင်ဘူးလား?
အီဂျောင် နောက်ထပ် ထပ်ပို့ချင်သော စာတစ်စောင်ကတော့
•မသိချင်ယောင်ဆောင်မနေနဲ့တော့ ငါမင်းကို သဘောကျနေတာကြာပြီ
သို့သော် မပို့ဖြစ်တဲ့ တစ်ခုတည်းသော အကြောင်းအရင်းကတော့ ထယ်ရယ်က သူ့ရည်းစား ပတ်ဟန်ဘင်းနဲ့ တွဲလိုက်ပြတ်လိုက် ဇာတ်မြောကြီးဖြစ်နေသေးတာကြောင့်ပင်။
🍇To be continued
Inspired by Zicoရဲ့ Actually Pt.1နဲ့ PENOMECOရဲ့ Actually Pt.2ပါ၊ JeongRae, BinTaeလို့ ပြောလို့ရပေမဲ့ ဘယ်otpက mainပါဆိုပြီး အတိအကျယူလို့မရပါဘူး🫣 ဒဲ့တိုးပြောရရင်တော့ love triangleပါပဲ အဲ့တော့ကား ဖတ်ချင်ရင်တော့ ဖတ်ကြပါလို့T-T
ဖတ်ရင်း တွဲနားထောင်ဖို့ပါ~🫶🏻
YOU ARE READING
Actually (Wakeonez)✔️
Romance"မင်း သူနဲ့ လမ်းခွဲလိုက်ရင် ကောင်းမယ်" "မင်း သူနဲ့ အဆက်အသွယ် မလုပ်ရင်ကောင်းမယ်" Park Hanbin x Kim Taerae x Lee Jeonghyeon 29th May-30th July