ထယ်ရယ်အိမ်ပြန်ရောက်ကတည်းက ဟန်ဘင်း သူ့ကို စာပို့မလာပါ။ ဖုန်းပျက်နေသည်ဆိုသော်ငြားလည်း ပို့သမျှစာတွေကို ဝင်ဖတ်နိုင်သည့် လက်ပ်တော့တစ်လုံးလုံးရှိနေတာကို ဟန်ဘင်း တကယ်မသိတာလား၊ မသိချင်ယောင်ပဲဆောင်နေတာလားကိုတော့ ဘုရားနှင့် သူကိုယ်တိုင်ကလွဲ၍ ဘယ်သူမှသိမည်မဟုတ်။
"ခဏခဏအာရုံစိုက်မိနေတယ်ကွာ ပြဿနာပဲ"
ထယ်ရယ် လက်ပ်တော့ကိုပိတ်ကာ ကုတင်ပေါ်တက်ပြီး စောင်ကို တစ်ကိုယ်လုံးလုံအောင်ခြုံအိပ်လိုက်တော့သည်။ သို့သော် ထင်သည့်အတိုင်း အိပ်မပျော်ပါ။ မနေနိုင်မထိုင်နိုင် လက်ပ်တော့ကို ပြန်သွားဖွင့်ပြီး ဟန်ဘင်းရဲ့ follower 1Mရှိသည့် accountကို မာနမရှိစွာ သွားhiဖို့အလုပ်မှာပဲ notificationတစ်ခုဝင်လာတာမို့ ပြာပြာသလဲလဲပြေးကြည့်လိုက်သည်။
ဟန်ဘင်းဆီကစာတော့မဟုတ်ပေမဲ့ accountတစ်ခုက သူ့ကို followလိုက်ခြင်းဖြစ်သည်။ နာမည်ကိုကြည့်လိုက်တော့ leejeo_ngဆိုတာကြောင့် အီဂျောင်မှန်း ထယ်ရယ် တန်းသိလိုက်သည်။ ထိုစဉ် ဖုန်းမှန်သားပြင်ကိုကြည့်နေတုန်းမှာပင် စာတစ်စောင် ဝင်လာတာကြောင့် ထယ်ရယ် ဖတ်မိလိုက်သည်။
•ထယ်ရယ် ဘာလုပ်?
•အီဂျောင် မင်း ငါ့accountကို ဘယ်လိုလုပ်သိတာလဲ?
•ဪ ဒါလေးများ ရှာရတာ ပါးပါးလေးပါကွာㅋㅋ
ထယ်ရယ်လည်း မသိလိုက်ဘဲ ပြုံးမိလိုက်သည်။
အီဂျောင်ဟာ လူကြည့်တော့သာ အေးစက်စက်နိုင်သည်ဟုထင်ရတာ၊ စကားတစ်ခွန်းနှစ်ခွန်းပြောကြည့်လိုက်ရုံနှင့် နွေးထွေးသော လူမှန်းသိလာရသည်။•ဖုန်းအသစ်ဝယ်ပြီးပြီလား
•ဟင့်အင်း ပိုက်ဆံမှမထုတ်ရသေးတာ မင်းဝယ်ပေးမလားပြော
•အင်း ဝယ်ပေးမယ်လေ၊ မနက်ဖြန်အားတယ်ဆိုရင် အတူတူဖုန်းသွားဝယ်ကြရအောင် ထယ်ရယ်
•ဘာရယ်? အီဂျောင် ငါကစနေတာလေ၊ ဘာကိစ္စ မင်းကငါ့ကိုဖုန်းဝယ်ပေးမှာတုန်း
•ဪ စကားပြောချင်၊ဖုန်းပြောချင်လို့ပေါ့ကွာ၊ မင်း အိမ်လိပ်စာပို့လိုက် ငါလာခေါ်မယ် မနက်ဖြန်
ESTÁS LEYENDO
Actually (Wakeonez)✔️
Romance"မင်း သူနဲ့ လမ်းခွဲလိုက်ရင် ကောင်းမယ်" "မင်း သူနဲ့ အဆက်အသွယ် မလုပ်ရင်ကောင်းမယ်" Park Hanbin x Kim Taerae x Lee Jeonghyeon 29th May-30th July