[1]

318 45 11
                                    

ထယ်ရယ် ဒီနေ့လည်း လမ်းထိပ်က ကော်ဖီဆိုင်မှာ နေ့လယ်တစ်နာရီလောက်ကတည်းက ငုတ်တုပ်ထိုင်ကာ လာစောင့်မိနေသည်။ လက်မှာပတ်ထားသည့် နာရီကိုငုံ့ကြည့်လိုက်၊ ဖုန်းကိုကြည့်လိုက်နှင့် တစ်ယောက်ထဲ အထီးကျန်နေပုံမှာ ဘေးလူအနေနဲ့ မြင်ရတာတောင် သနားစဖွယ်။

ကော်ဖီလာချပေးသော ဆိုင်ရှင်အကိုဂျီအွန်းက သူ့ကို ပြုံးပြလာတာကြောင့် ထယ်ရယ်လည်း မပျော်သည့်ကြားကပင် ပြန်ပြုံးပြလိုက်ရသည်။

"ဒီနေ့ရော တစ်ယောက်ထဲပဲလား?"

တကယ်ဆို မေးခံရမည့်မေးခွန်းက ဒီနေ့ရော နှစ်ယောက်ထပ်လာတာလားဖြစ်ရမှာကို ရည်းစားဖြစ်သူက မှိုတက်အောင် ပစ်ထားတာကြောင့် အကိုဂျီအွန်းကပင် တစ်ယောက်ထဲဟု ထင်နေတာကြာပြီ။

"ဟုတ်...ကော်ဖီအတွက် ကျေးဇူးပါ အကို"

အကိုဂျီအွန်းက သူ့စကားကိုအသိအမှတ်ပြုသည့်နှယ် ပြုံးပြကာ ကောင်တာနောက်ပြန်ဝင်သွားတော့သည်။ ထယ်ရယ် အားတင်းပြီးပြုံးကာ ဖုန်းကို ခေါ်ရင်ကောင်းမလား မခေါ်ရင်ကောင်းမလားတွေးနေတုန်းမှာပဲ
"ဟန်ဘင်း🩵"ဟု မှတ်ထားသည့် contactတစ်ခုက ခေါ်လာတာမို့ ဝမ်းသာအားရ ကိုင်မိလိုက်သည်။

"ဟယ်လို ဘယ်ရောက်နေပြီလဲ ဟန်ဘင်း?"

"ဆောရီး ထယ်ရယ် ကိုယ်လုပ်စရာလေးတစ်ခုပေါ်လာလို့ မင်းမလာနဲ့တော့နော်"

"ဟမ်...ဟန်ဘင်း ငါက ရောက်တောင်ရောက်..."

စကားကိုဆုံးအောင်တောင် ပြောခွင့်မပေးဘဲ ဖုန်းချပစ်လိုက်သော ဟန်ဘင်းကြောင့် ထယ်ရယ် ရင်ဘတ်ထဲ အောင့်ခနဲခံစားလိုက်ရသလိုပင်။ ဘယ်တော့ပဲချိန်းချိန်း၊ တစ်ခါမှရောက်မလာသည့် ဟန်ဘင်းကြောင့် မထူးဆန်းတော့ပေမဲ့ အခုထိ ရင်ဘတ်ထဲကတော့ နာနေတုန်းဖြစ်သည်။

ဝဲတက်လာတဲ့မျက်ရည်တွေကို လက်ဖမိုးနဲ့သုတ်ချလိုက်ပြီး ကော်ဖီခွက်ကိုသာ ငေးကြည့်နေရင်းကနေ အမြင်တွေဝေဝါးလာတာကြောင့် ဟန်မဆောင်နိုင်ဘဲ ငိုချလိုက်မိတော့သည်။ ထိုအချိန်မှာပဲ သူ့ကို ပုခုံးကနေ လာတို့တဲ့အထိအတွေ့ကို ခံစားလိုက်ရတာကြောင့် မျက်နှာကို လက်နှင့်ကာပြီး လှည့်ကြည့်လိုက်တော့ ခပ်ချောချောကောင်လေးတစ်ယောက်ဖြစ်နေပြီး ထယ်ရယ်ကို လက်ကိုင်ပုဝါလှမ်းပေးနေခြင်းပင်။

Actually (Wakeonez)✔️Tempat cerita menjadi hidup. Temukan sekarang