[3]

242 48 21
                                    

"မင်းက ဘယ်သူမို့လို့ ဝင်ပါရတာလဲ?"

ဒေါသအခိုးအငွေ့တွေ့ ဖုံးလွှမ်းလျက်ရှိသော ဟန်ဘင်းရဲ့ မျက်လုံးတွေနဲ့ အီဂျောင့်ကိုသာ ပေါက်ထွက်မတတ် စိုက်ကြည့်နေသည်မှာ ဘေးလူ ထယ်ရယ်အဖို့တောင် ကျောချမ်းပြီး ကြက်သီးထစရာပင်။ အီဂျောင်ကလည်း ခပ်ဟဟရယ်ကာ ဟန်ဘင်းကိုကြည့်ပြီး အသံတိုးတိုးလေးဖြင့် ပြန်ပြောလာသည်။

"ငါကလား? ထယ်ရယ်ရဲ့သူငယ်ချင်း အီဂျောင်ဟျွန်းပါ တက်သစ်စအဆိုတော်ကြီး ပတ်ဟန်ဘင်းခင်ဗျ"

ရိသဲ့သဲ့ပြောလိုက်တာကြောင့် နဂိုကတည်းက ဒေါသထွက်နေသော ဟန်ဘင်းမှာ ပိုပြီးပေါက်ကွဲသွားရသော်လည်း သူ့ရဲ့ဂုဏ်သိက္ခာကိုငဲ့ကာ ခုနကလိုတော့ ထပ်မအော်လာတော့ပေ။

"ဒီလောက်ဆို ထယ်ရယ်က ဖောက်ပြန်နေတာမဟုတ်မှန်းသိလောက်ပြီထင်ပါရဲ့"

"အီဂျောင်..."

"နာမည်ပါ အဖျားစွတ်ခေါ်ရတဲ့အထိ ရင်းနှီးတာလား ထယ်ရယ်? မင်းသူငယ်ချင်းတွေထဲ ဒီတစ်ယောက်ကို
ကိုယ်တစ်ခါမှ မတွေ့ဖူးသလိုပဲနော်"

"အင်း ဟုတ်တယ် ငါတို့က..."

"ဒီနေ့မှခင်တာပါ"

ကြောက်နေပုံရသော ထယ်ရယ်ကို အီဂျောင်ကပဲ စကားကူထောက်ပေးလိုက်ပြီး ပြောရင်းဆိုရင်းနှင့်ပင် ပုခုံးပေါ် လက်တစ်ချောင်းလုံး ပစ်တင်လိုက်တာကြောင့် ဟန်ဘင်း မျက်မှောင်ကြုံ့လိုက်မိသည်။

"ဟုတ်တယ် ဒီနေ့မှခင်တာ အီဂျောင်နဲ့ ငါက၊ ဘာထပ်သိချင်သေးလဲ ဟန်ဘင်း? ငါအိမ်ပြန်တော့မယ်"

"နောက်နေ့မှ ဆက်ပြောကြတာပေါ့ ငါလည်း အလုပ်ရှိသေးတယ်၊ ညကျ ဖုန်းဆက်လိုက်မယ်"

"ဟင့်အင်း မဆက်နဲ့၊ ကျကွဲသွားလို့ ဖုန်းပျက်နေတယ်"

ထယ်ရယ် လိမ်တာမဟုတ်ရပါ၊ အမှန်တကယ်ပင် စိတ်တိုတိုနဲ့ ကောက်ပေါက်လိုက်တာ ဖုန်းတစ်လုံးလုံး ဘဝပျက်သွားတာ ရက်ပိုင်းလောက်ပဲရှိသေးသည်။

"ဪ ဒါဆို နှမြောစရာပဲ၊ ညကျ katalkကနေ စာပို့မလို့ဟာကို ထယ်ရယ်ကလည်း"

ဟန်ဘင်း ကြည့်နေရင်းနဲ့ အီဂျောင့်ကို ထထိုးချင်စိတ်တွေပေါက်လာရပေမဲ့လည်း တံတွေးသာမြိုချကာ သည်းခံပြီးရင်း သည်းခံနေရတော့သည်။

Actually (Wakeonez)✔️Where stories live. Discover now