[6]

254 46 2
                                    

"ထယ်ရယ် ခဏနေပါဦး"

ဖုန်းအသစ်ထည့်ထားသည့် အိတ်ကို လက်ထဲကိုင်၍ နောက်ကနေပြေးလိုက်လာသော အီဂျောင့်ကို ထယ်ရယ် လှည့်ကြည့်လိုက်မိသည်။ သူ့အနားကိုလျှောက်လှမ်းလာရင်း ပြုံးပြနေသည့် အီဂျောင်မှာ မိုးတိမ်မည်းတွေဖုံးအုပ်နေသည့် ထယ်ရယ့်ရဲ့ ရာသီဥတုကို အလင်းဆောင်ပေးလာသော နေရောင်ခြည်လေးလိုပင်။ ကတောက်ကဆများသော အချစ်ရေးကြောင့် စိတ်ညစ်နေရတာတွေကလည်း သူငယ်ချင်းဖြစ်သူနှင့်တွေ့လိုက်တိုင်း အကုန်ပျောက်သွားသလို။

"အီဂျောင် မြန်မြန်ပြန်ရအောင်၊ ငါ ဒီနားမှာ မနေချင်တော့ဘူး"

"ဟုတ်ပါပြီ ထယ်ရယ်ရဲ့၊ မြန်မြန်ပြန်ပို့ပေးမယ်နော်"

ကားပေါ်တက်ကာ ခါးပတ်မြန်မြန်ပတ်ပြီး ဖုန်းဆိုင်ထဲသို့ တစ်ချက်လှမ်းကြည့်လိုက်တော့ ဖုန်းအသစ်ရွေးနေသော ပတ်ဟန်ဘင်းနှင့် ဂျောင်ဒါအင်းမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ဟီးဟီးဟားဟားလုပ်နေကြဆဲ။ ထယ်ရယ် စိတ်တိုသွားပေမဲ့ အလိပ်လိုက်တက်လာသော ဒေါသတွေကို ပြန်မြိုချ၍သာ သက်ပြင်းချမိလိုက်သည်။ ဒါကို သတိထားမိသော အီဂျောင်ကတော့
ထယ်ရယ့်ကို အလိုက်သိစွာပင် ဟော့ပေါ့သွားစားမလားဟု မေးလာလေသည်။

ထယ်ရယ် ဝမ်းသာအားရ ခေါင်းငြိမ့်ပြလိုက်တော့
အီဂျောင်က သူ့ခေါင်းကို ခပ်ဖွဖွပုတ်လာကာ ကားမောင်းတာကိုပဲ ပြန်အာရုံစိုက်သွားသော်လည်း ထယ်ရယ်ကတော့ အူကြောင်ကြောင်ဖြစ်ကာ ကျန်ခဲ့တော့သည်။

အီဂျောင့်လိုရုပ်ရည်၊ ရာထူးမျိုးနဲ့ဆို ချောပေ့လှပေ့ကောင်မလေးတွေကို ခေါင်းခေါက်ရွေးလို့ရနေတာ...ဘာလို့များ ထယ်ရယ့်အပေါ် ဒီလောက်ကောင်းပေးနေရတာလဲ တွေးမရ။ အခင်ဆုံးသူငယ်ချင်းဆက်ဆံရေးဆိုတာ ဒီလိုမျိုးလားဟုပဲ ခပ်ပေါ့ပေါ့တွေးမိလိုက်သည်။

SIM cardကို ဖုန်းအသစ်ထဲ ပြောင်းထည့်လိုက်ပြီးနောက် ဟန်ဘင်းများ သူ့ကို ဖုန်းခေါ်လာမလား စောင့်နေခဲ့ပေမဲ့ အဖြစ်ကတော့ ဝမ်းနည်းစရာကောင်းလှသည်။ စာလည်းမပို့လာသလို၊ ဖုန်းလည်း မခေါ်လာခဲ့တဲ့ ဟန်ဘင်းကို ထယ်ရယ် မုန်းပစ်ချင်လိုက်တာ။

Actually (Wakeonez)✔️Dove le storie prendono vita. Scoprilo ora