ထယ်ရယ် အိမ်ထဲဝင်ဝင်ချင်း စိတ်လောစွာပြေးပြီး laptopကိုဖွင့်ပြီး သတင်းတွေထဲဝင်ကြည့်လိုက်တော့ ဟန်ဘင်းရဲ့ အေဂျင်စီဘက်က ဖြေရှင်းထားသည့် သတင်းက ဦးဦးဖျားဖျားတက်လာတော့သည်။
•အဆိုတော် ပတ်ဟန်ဘင်းရဲ့ နေ့လယ်က ထွက်ပေါ်လာတဲ့ပုံတွေက သူငယ်ချင်းတစ်ယောက်ရဲ့အိမ်ကို သွားလည်ခြင်းသာဖြစ်ပြီး ပရိတ်သတ်တွေ စိုးရိမ်နေတာမျိုးမဟုတ်ရပါဘူး ဆိုတဲ့သတင်းခေါင်းစဉ်နှင့် ဆင်ခြေပေးကာ စီကာပတ်ကုံးရေးထားတာပင်။
ထယ်ရယ် သက်ပြင်းတစ်ချက်သာချလိုက်ပြီး commentတွေထဲ ဝင်ဖတ်လိုက်သည်။
•တော်သေးတာပေါ့ဟယ်ㅠㅠ datingသာဆို ငါရင်ကွဲမှာ
•မဟုတ်လောက်ပါဘူးလို့ပဲ ထင်ထားတာ တကယ်မဟုတ်ဘူးပဲ ငါတို့ဟန်ဘင်းက ပရိတ်သတ်တွေကို ဘယ်တော့မှ စိတ်ပျက်အောင်လုပ်မှာမဟုတ်ဘူး!
•အရင်အတိုင်းပဲ အားပေးနေမယ် ဟန်ဘင်းရေ
စိတ်ညစ်ညစ်နှင့် laptopကို ပိတ်ချလိုက်ပြီး ရေခဲသေတ္တာဖွင့်ကာ ဆိုဂျူပုလင်းကိုထုတ်ပြီး တစ်ကျိုက်ထဲ မော့ချလိုက်ရသည်။ နဂိုကတည်းက သူတို့နှစ်ယောက်ရဲ့ လျှို့ဝှက်ထားရသော အချစ်ရေးကြောင့် စိတ်မလုံမလဲဖြစ်နေရတာ၊ အခုလိုဖြစ်သွားတော့ ပို၍ပင် စိတ်အခြေအနေဆိုးလာတော့သည်။
ဖုန်းကိုဖွင့်ကြည့်လိုက်တော့လည်း ဟန်ဘင်းဘက်က ဘာစာမှပို့မထား၊ ထယ်ရယ့်ဘက်ကလည်း သွားပို့ဖို့ မစဉ်းစားမိပါ။ ဟန်ဘင်းကို အချိန်ပေးပြီး လတ်တလောခွဲနေဖို့ပြောခဲ့တာ သူကိုယ်တိုင်ပဲမလားလေ။
ဖုန်းကိုကြည့်နေတုန်းမှာပဲ စာဝင်လာတာမို့ ဘယ်သူ့ဆီကလဲကြည့်လိုက်ကာမှ အီဂျောင်ဟျွန်းဖြစ်နေတာကြောင့် ဒေါသက ငယ်ထိပ်ထိ ရောက်လာသလိုပင်။
•ထယ်ရယ် မနက်ဖြန် ငါတို့ဘယ်သွားကြမလဲ?
သူမွှေလိုက်တဲ့ အရှုပ်ကြောင့် ထယ်ရယ်ရော ဟန်ဘင်းရော ဘယ်လောက်ထိခိုက်သွားမလဲဆိုတာကို အီဂျောင်ဟျွန်းက မစဉ်းစားတတ်ဘူးလားမသိပါ။ တစ်ဖက်လူရဲ့ ခံစားချက်ကို ထည့်မတွေးပေးဘဲ ကိုယ်လုပ်ချင်ရာလုပ်တတ်သည့်လူမျိုးကို ထယ်ရယ် အမုန်းဆုံးဖြစ်သည်။
ESTÁS LEYENDO
Actually (Wakeonez)✔️
Romance"မင်း သူနဲ့ လမ်းခွဲလိုက်ရင် ကောင်းမယ်" "မင်း သူနဲ့ အဆက်အသွယ် မလုပ်ရင်ကောင်းမယ်" Park Hanbin x Kim Taerae x Lee Jeonghyeon 29th May-30th July