[9]

201 43 20
                                    

"သွားကြတော့မလား ထယ်ရယ်"

အခုအချိန်ထိကို အဝတ်အစားရွေးလို့်မပြီးနိုင်သော အိမ်ကြီးရှင်ထယ်ရယ်ကိုစောင့်ရင်း ပျင်းလာတာကြောင့် ဗီရိုကိုမှီပြီး တစောင်းနေနေလိုက်သည်။

"ခဏလေးစောင့်ဦး ဟီး"

သူ့ဟာသူ ဘယ်လောက်ကြာနေလဲဆိုတာကို သိတာကြောင့် ဗီရိုတံခါးနောက်ကနေ ထွက်လာပြီး စပ်ဖြဲဖြဲလုပ်ပြကာ အဝတ်ရွေးဖို့ တံခါးနောက်ထဲပြန်ပျောက်သွားတဲ့ ထယ်ရယ့်ကိုကြည့်ရင်း အီဂျောင် သဘောတကျပြုံးမိလိုက်သည်။

တစ်အောင့်လောက်ကြာတော့ အဝါရင့်ရင့်ဟူဒီကို အားကစားဘောင်းဘီအပွအနီရောင်နှင့် တွဲဝတ်ကာ
အီဂျောင့်ရှေ့မှာ ဟိုလှည့်ဒီလှည့်လာလုပ်ပြနေတာကြောင့် မရယ်မိအောင် မနည်းထိန်းထားလိုက်ရသည်။ ဂင်ထယ်ရယ်ကိုကြည့်ရတာ ketchupဘူးနှင့်ပင် တူနေသလိုလို။

ဒီလို ဖက်ရှင်အမြင်ရှိပုံမျိုးနှင့်ဆို အဆိုတော်ပတ်ဟန်ဘင်းက ဘယ်လိုလူမျိုးနှင့်တွဲနေတာလဲဆိုပြီး ပရိတ်သတ်တွေ ပွဲဆူကြမှာ မလွဲပေ။

"ထယ်ရယ် မင်းဒီတိုင်းသွားမှာတော့ မဟုတ်ပါဘူးနော်?"

"ဒီတိုင်းသွားမှာလေ"

"အဲ့ဒါဆို ငါနဲ့တူတူယှဉ်မသွားနဲ့ ရှက်တယ်"

ထယ်ရယ်က ဘာမှပြန်မပြောလာသော်လည်း အကြည့်တွေကတော့ အီဂျောင်ရဲ့ ခေါင်းစခြေဆုံးမှာ ၃ခါလောက် ပတ်လည်ရိုက်နေတော့သည်။ အစကတော့ ဘယ်လိုမှမနေပေမဲ့ နောက်ကျ လန့်လာတာကြောင့် အီဂျောင် ခေါင်းကုတ်ပြီး အူကြောင်ကြောင်နှင့်မေးလိုက်ရသည်။

"ဘာလို့ လူတစ်ကိုယ်လုံးကို ပေါက်ထွက်မတတ်စိုက်ကြည့်နေရတာလဲ?"

"မင်းကိုယ်မင်းလည်း မှန်ထဲပြန်ကြည့်လိုက်ပါဦး
အီဂျောင်ဟျွန်းရယ်"

ဘာများဖြစ်နေလို့လဲဆိုတဲ့အတွေးနှင့် မှန်ထဲသွားကြည့်လိုက်တော့ မနေ့ကမှ အသစ်စက်စက်ဝယ်ထားသည့် ရှူးဖိနပ်အစိမ်းနှင့် vestအစိမ်းတို့က အီဂျောင်ရဲ့ချောမောတဲ့ ရုပ်ရည်နှင့် လိုက်ဖက်နေတာကလွဲ၍ ကျန်တာ ဘာမှမမြင်ရချေ။

Actually (Wakeonez)✔️Où les histoires vivent. Découvrez maintenant