[13] (End)

272 32 11
                                    

"ငါ ဘယ်ရောက်နေတာလဲ?"

တဆစ်ဆစ်ထိုးကိုက်နေသော ခေါင်းကို လျစ်လျူရှုလျက် ထယ်ရယ် လှဲနေရာမှ မနည်းထထိုင်လိုက်ပြီး ဘေးဘီဝဲယာကို ကြည့်လိုက်တော့ ဆေးရုံဖြစ်နေမှန်း သတိထားမိလိုက်သည်။ လက်ကိုကြည့်လိုက်တော့လည်း ဆေးသွင်းပိုက်တွေတပ်ထားတာကြောင့် တစ်ခုခုဖြစ်ခဲ့တာပဲဟု ခန့်မှန်းမိလိုက်သည်။

အရေပြားပေါ်က ပွန်းပဲ့ရာတွေကြောင့် ထယ်ရယ် နားမလည်သလို စိတ်ရှုပ်သွားရသည်။ သူ မတော်တဆမှုတစ်ခုခုဖြစ်ခဲ့တာလားလေ။

"လူနာဂင်ထယ်ရယ် သတိရလာပြီ! အုပ်ထိန်းသူဖြစ်ဖြစ် အသိဖြစ်ဖြစ် အကြောင်းကြားပေးကြပါ"

ထယ်ရယ့်ကို စစ်ဆေးရန်လာသော သူနာပြုက သူ လှုပ်ရှားနေတာကိုမြင်သွားပြီး ကပျာကယာပြေးထွက်သွားတော့သည်။ ဘာလို့ သူသတိရလာတာကို ဆရာဝန်တွေရော သူနာပြုတွေရောက အဲ့လောက်တောင် စိတ်လှုပ်ရှားနေကြတာလဲ။

"လူနာဂင်ထယ်ရယ် မေ့မြောနေတာ တစ်လကြာသွားပါပြီ...အခုရော အသိတွေ မိသားစုတွေကို မှတ်မိရဲ့လား?"

"ကျွန်တော်က ဘာလို့ တစ်လကြာအောင် သတိလစ်နေတာလဲဟင်...ဘာများဖြစ်ခဲ့လို့လဲမသိဘူး"

"ကားမတော်တဆမှုဖြစ်ခဲ့တာပါ အဲ့နေ့တုန်းက ဂင်ထယ်ရယ်နဲ့အတူတူ အီဂျောင်ဟျွန်းဆိုတဲ့ လူလည်း ဆေးရုံကို ပါလာခဲ့ပါတယ်"

အီဂျောင်ဟျွန်းလည်းပါတယ်ဆိုတော့ ပြဿနာဖြစ်တဲ့နေ့က ကားတိုက်ခဲ့တာပဲဟု စိတ်ထဲမှာ ဖြတ်ခနဲ သတိရသွားတော့သည်။

"ဪ ဟုတ် သိပါတယ်...ဒါပေမဲ့ ဘယ်လိုလုပ် ကားတိုက်သွားခဲ့လဲဆိုတာကိုပဲ မမှတ်မိတာပါ"

"အဲ့ဒါဆိုရင်တော့ short term memory lossဖြစ်တာထင်ပါတယ်၊ စိတ်ပူစရာတော့ သိပ်မရှိပေမဲ့ check upအနည်းငယ်လုပ်ပြီး နောက်အပတ်လောက်မှ ဆေးရုံဆင်းဖို့လုပ်ကြတာပေါ့"

"ဟုတ်ကဲ့ပါ ဆရာ"

ဆရာဝန်က ညွှန်ကြားစရာရှိတာတွေကို ညွှန်ကြားပြီး ထွက်သွားသည့်နောက်မှာတော့ ငေါင်စင်းစင်းနှင့် ကျန်ရစ်ခဲ့တာ ထယ်ရယ်ပင်ဖြစ်တော့သည်။

Actually (Wakeonez)✔️Where stories live. Discover now