[5]

241 46 22
                                    

ထယ်ရယ်နှင့် အီဂျောင်တို့ နှစ်ယောက်သား မနက်စာစားပြီးနောက် မြို့ထဲသွားကာ ဖုန်းအသစ်တစ်လုံးဝယ်ရန် တိုင်ပင်အငြင်းပွါးနေကြတော့သည်။ ဘယ်ဖုန်းအမျိုးအစားဝယ်ရင်ကောင်းမလဲလို့ တိုင်ပင်နေတာက
အီဂျောင်ပေမဲ့ မဝယ်ပေးရန်ငြင်းနေတာကတော့
ထယ်ရယ်ပင်။

"မဟုတ်ဘူးလေကွာ အီဂျောင်ရာ၊ အားနာစရာကြီး ခင်တာ ၁၀နှစ်လောက်ရှိလာတဲ့သူငယ်ချင်းက ဝယ်ပေးတယ်ဆိုလည်း တစ်မျိုးပေါ့ကွာ"

"ဒါဆို မင်းက ငါ့ကို အတွင်းလူလို့မသတ်မှတ်တာလား?"

ရုပ်တည်ကြီးနှင့် အစ်မေးနေသော အီဂျောင့်ကိုကြည့်ရင်း ထယ်ရယ် ခပ်ဟဟရယ်မိလိုက်သည်။ ဟုတ်တော့လည်းဟုတ်ပါသည်...ခုမှ စခင်တာကို ဘယ်လိုလုပ် အတွင်းလူလို့ သတ်မှတ်လို့ရမလဲလေ။

"မဟုတ်ပါဘူးကွာ"

"အဲ့ဒါဆို ငါဝယ်ပေးမှာကို လက်ခံပေး"

"မင်းမှာပိုက်ဆံတွေပေါတယ်ဆိုလို့ ဘိန်းစိုက်တာလားဟင်? မဟုတ်လည်း မာဖီးယားဂိုဏ်းချုပ်ရဲ့သား..."

အီဂျောင်က ဘာမှမပြောဘဲ လက်ကာပြလိုက်ပြီး သူ့ရဲ့ business cardကို ထယ်ရယ့်ရှေ့သို့ တွန်းပေးလိုက်သည်။

"ဪ ကုမ္ပဏီမန်နေဂျာပဲ၊ ဒါနဲ့ မန်နေဂျာဆို အခုချိန် ရုံးမှာရှိနေရမှာမဟုတ်ဘူးလား? ဘာကိစ္စ ဒီကိုရောက်နေရတာလဲ"

"ငါ့အဖေက ပိုင်ရှင်မို့လို့လေ၊ လောလောဆယ် ဘာမှလုပ်စရာလည်းမရှိတာနဲ့ အင်္ဂလိပ်စာလေ့လာရင်း ခဏနားထားတာ"

"ဪ အဲ့လိုကိုး"

"ငါ့မှာပိုက်ဆံတွေပေါတယ်ဆိုတာ ယုံပြီလား ထယ်ရယ်၊ ဒီblack cardရှိနေသရွေ့ ဖုန်းတစ်လုံးမကလို့ အလုံးတစ်ရာဆိုလည်း ဝယ်လို့ရတယ်ကွာ"

"ဟားဟား မင်းက တကယ်ကို နောက်တတ်တာပဲ"

ထယ်ရယ် ပြေရာပြေကြောင်းသာ ပြန်ပြောလိုက်ပေမဲ့ စိတ်ထဲမှာတော့ အီဂျောင့်ကို အနည်းငယ်ရှိန်သွားရသည်။ စာရေးဆရာပေါက်စ ဂင်ထယ်ရယ်ရဲ့ သူငယ်ချင်းက နာမည်ကြီးကုမ္ပဏီရဲ့ မန်နေဂျာလည်းဖြစ် သူဌေးသားလည်းဖြစ်ဆိုတော့ လူက အလိုလို သိမ်ငယ်သွားရသလိုပင်။

Actually (Wakeonez)✔️Tempat cerita menjadi hidup. Temukan sekarang