•ဟန်ဘင်း စကားပြောလို့ရလား?
ထယ်ရယ် sendခလုတ်ကိုနှိပ်ပြီး ဖုန်းကိုဘေးနားပစ်ချထားလိုက်ကာ မက်ဆေ့ချ်နိုတီဝင်မည့်အသံကို မျှော်လင့်တကြီး စောင့်စားနေမိသည်။
တစ်မိနစ်
နှစ်မိနစ်
ဆယ်မိနစ်ကြာတဲ့အထိ ပြန်စာရောက်မလာတာမို့ မျက်နှာပြောင်တိုက်လျက်ပင် ပို့ထားသည့်စာကို ပြန်ဖျက်လိုက်ရသည်။ ထို့နောက် ဟန်ဘင်းရဲ့ပရိသတ်တွေ ဘာများတင်ထားမလဲလို့ snsကိုဖွင့်ကြည့်လိုက်တော့ ဟုန်းဒယ်မှာ လျှောက်လည်နေသည့် ဟန်ဘင်းကို ဒီနေ့တွေ့လိုက်တယ်ဟူသော ပရိသတ်တွေရဲ့ပို့စ်တွေက လိုင်းပေါ်ပလူပျံနေသည်။
ထယ်ရယ် ခံပြင်းစွာပင် အံကိုကြိတ်လိုက်ကာ ဖုန်းကို ခပ်ဝေးဝေးရောက်သွားအောင် ကောက်ပေါက်မိလိုက်သည်။ ခံပြင်းမှုရဲ့နောက်ဆက်တွဲအနေဖြင့် မျက်ရည်တွေပါကျလာတာမို့ ထယ်ရယ်လည်း ဆိုဖာဘေးမှာ ဆောင့်ကြောင့်ထိုင်ကာ ငိုသာငိုနေမိလိုက်တော့သည်။ ထိုအချိန်မှာပဲ သူထိုင်နေသည့်ဘေးမှာ ပြုတ်ကျထားသော လက်ကိုင်ပုဝါအစိမ်းနုရောင်လေး မြင်ကွင်းထဲရောက်လာလေသည်။
"ဪ လျှော်ပြီးပြန်ပေးရဦးမှာပဲ"
မျက်ရည်တွေကိုသုတ်လိုက်ကာ လက်ကိုင်ပုဝါကိုယူပြီး ရေချိုးခန်းထဲဝင်၍ ပြောင်အောင် ဆပ်ပြာနှင့် သေချာလျှော်ပေးနေမိသည်။ အာရုံထဲမှာလည်း ထိုအစိမ်းကောင်လေးရဲ့ မျက်နှာကို ထယ်ရယ် ကြိုးစားပမ်းစားပုံဖော်နေမိသည်။ ခပ်စူးစူးမျက်ဝန်းများနှင့် နဖူးပေါ်မှာ ခပ်အုပ်အုပ်ကျနေသော ဆံပင်ကြောင့် ထိုလူမှာ တစ်မျိုးတစ်မည်ဆွဲဆောင်မှုရှိနေသလိုလို။
ခေါင်းကိုခါလိုက်ကာ လက်ကိုင်ပုဝါကိုရေညှစ်ပြီးနောက် ချိတ်နှင့်လှမ်း၍ အိပ်ခန်းထဲပဲဝင်သွားလိုက်တော့သည်။ လက်ပ်တော့ဖွင့်ကာ ဝတ္ထုဖတ်မည်အပြု screenထောင့်တစ်နေရာကနေ ပေါ်လာသော ဟန်ဘင်းရဲ့ မက်ဆေ့ချ်ကြောင့် အာရုံတွေပျက်ပြားသွားရသည်။
•ထယ်ရယ် အိပ်ပြီလား?? ကိုယ့်ကိုစိတ်မဆိုးပါနဲ့နော်၊ အလုပ်ကိစ္စမို့ပါ၊ အခု ဖုန်းပြောလို့ရလား ဟင်?
YOU ARE READING
Actually (Wakeonez)✔️
Romance"မင်း သူနဲ့ လမ်းခွဲလိုက်ရင် ကောင်းမယ်" "မင်း သူနဲ့ အဆက်အသွယ် မလုပ်ရင်ကောင်းမယ်" Park Hanbin x Kim Taerae x Lee Jeonghyeon 29th May-30th July