[10]

220 37 7
                                    

"စိတ်ရှုပ်သွားပြီကွာ"

ထယ်ရယ် တက်စီငှါးပြီး ကြုံရာနေရာထွက်လာခဲ့ပေမဲ့ စိတ်နဲ့လူက ကပ်နေတာတော့မဟုတ်ခဲ့။ အီဂျောင်ရဲ့
တဇွတ်ထိုးဆန်သော ဖွင့်ပြောမှုကြီးမှာ အံ့ဩဆွံ့အရပြီး ရိပ်မိပေမဲ့ အဲ့လောက် တွယ်ကပ်နေဖို့ တောင်းဆိုလာလိမ့်မည်လို့တောင် မတွေးဖူးခဲ့တာတော့အမှန်။

ရုတ်တရက်ကြီး မိုးတွေရွာလာတာကြောင့် ဘယ်သွားရမလဲလည်းမသိ၊ အိမ်လည်းမပြန်ချင်တော့တာနှင့် ဟန်ဘင်းရဲ့ အေဂျင်စီကိုပဲ ကားသမားကို မောင်းခိုင်းလိုက်တော့သည်။ နာမည်ကြီးအေဂျင်စီဖြစ်တာကြောင့် ဧည့်သည်များ စိတ်ကြိုက်ဝင်ထွက်နိုင်သည့် စားသောက်ဆိုင်ရှိတာကို သတိရသွားကာ အဲ့မှာဝင်ထိုင်ပြီး ဟန်ဘင်းကို ခေါ်ထုတ်ရမည်ဟု တွေးမိလိုက်သည်။

•ဟန်ဘင်း ကုမ္ပဏီမှာရှိလား? ငါလာမလို့

ခဏအကြာမှာ ဟန်ဘင်းက စာပြန်ပို့လာတော့သည်။

•ရှိတယ် ထယ်ရယ် ငါဆင်းလာခဲ့မယ်လေ ရောက်ရင်ပြောဦး

•ဟုတ်ပြီ^^

နောက်ကျိနေသောစိတ်တွေက ဟန်ဘင်းနှင့်တွေ့ရမည်ဆိုတော့ အလိုလိုပြန်ကြည်လင်သွားသည်မှာ အချစ်ရဲ့စွမ်းအားတွေလို့ပင် ပြောရမလားလေ။ Social mediaပေါ်မှာ မျက်နှာကြည့်လို့ရပေမဲ့ လူတစ်ယောက်လုံးကိုမြင်ရမှ နေသာထိုင်သာ ရှိသွားမည်ဖြစ်တာကြောင့်ပင်။

ထယ်ရယ် သူ့အတွေးနှင့်သူ ပြုံးမိနေသည်ကို ကားသမားဦးလေးကြီးက နောက်မှန်ကတစ်ဆင့် လှမ်းကြည့်ပြီး မေးလာတော့သည်။

"ကောင်လေး ရည်းစားနဲ့ စကားပြောပြီး ပြုံးနေတာမလား"

"အာ...ဘယ်လိုသိလဲဗျ?"

ထယ်ရယ် မနေတတ်မထိုင်တတ်ဖြစ်သွားကာ ရှက်စိတ်ကြောင့် မျက်နှာတစ်ပြင်လုံး စတော်ဘယ်ရီရောင်ဖြစ်သွားတော့သည်။ ဦးလေးကြီးကလည်း ခပ်ပြုံးပြုံးနှင့် ရှက်နေတဲ့ထယ်ရယ်ကို ဆက်ပြောလာသည်။

"ဪ မျက်နှာမြင်တာနဲ့သိတာပေါ့ကွာ၊ အချိန်ကောင်းလေးတွေပေါ့ လူငယ်ဘဝမှာ အချစ်ဆိုတာကို တွေ့ရတာ အကောင်းဆုံးဆုလာဘ်တစ်ခုပဲမလားကွ"

Actually (Wakeonez)✔️Where stories live. Discover now