[12]

182 33 8
                                    

သုံးယောက်သားရဲ့ အေးစက်နေသော လေထုကို ဖြိုခွင်းလိုက်သူကတော့ အကိုဂျီအွန်းပင်ဖြစ်သည်။ ဟန်ဘင်းကို လူတွေမှတ်မိသွားလျှင် ရှုပ်ကုန်မှာစိုးတာကြောင့် ကော်ဖီဆိုင်ရဲ့ သီးသန့်ခန်းထဲမှာ ပြဿနာသွားရှင်းကြဆိုပြီး တွန်းပို့လိုက်တော့သည်။

"ရှင်းပါဦး ဂင်ထယ်ရယ်"

"ဟန်ဘင်း ငါမင်းနဲ့breakယူတယ်ဆိုတာက အီဂျောင်ဟျွန်းနဲ့ ဘာမှမဆိုင်ဘူး...ငါနဲ့သူက တွဲနေတာလည်းမဟုတ်ဘူး"

"ဒါပေမဲ့ကွာ မင်းပဲစဉ်းစားကြည့်လေ ပတ်ဟန်ဘင်းရဲ့၊ ကောလဟာလလေးတစ်ခုထွက်လာတာနဲ့ careerပျက်သွားမယ့်မင်းလိုလူကို ဘယ်သူက ရေရှည်တွဲချင်မှာလဲ? ဟုတ်တယ်မလား"

ဟန်ဘင်း ထယ်ရယ့်ကို အသက်မဲ့နေသော မျက်လုံးတွေနှင့်စိုက်ကြည့်နေတာကို အီဂျောင်သတိထားမိသည်။ ဒါကြောင့်လည်း အဆုံးထိ တွန်းပို့ပေးမိနေတာပင်ဖြစ်သည်။ ထယ်ရယ်ကတော့ ဘာပြောရမှန်းမသိဘဲ သက်ပြင်းကိုသာ ခပ်လေးလေးချနေတော့သည်။

"ဟန်ဘင်း မင်းရဲ့လမ်းကြောင်းမှာ အနှောင့်အယှက်ဖြစ်မှာစိုးလို့ breakယူထားတာတော့မှန်ပေမဲ့ ငါနဲ့ အီဂျောင်ဟျွန်းက ဘာမှမပတ်သက်ဘူးဆိုတာကိုတော့ ယုံစေချင်တယ်"

"ဪ အဲ့တော့ ရေရှည်မတွဲချင်ဘူးဆိုတဲ့ စကားကတော့ မှန်တယ်ပေါ့ ဟုတ်လား ဂင်ထယ်ရယ်"

ဟန်ဘင်းဘက်က ဘယ်လောက်စိတ်ဆိုးဆိုး ထယ်ရယ့်ကို တစ်ခါမှ နာမည်တပ်မခေါ်ခဲ့ဖူးပါ။ ထယ်ရယ်ကသာ ဟန်ဘင်း၊ ပတ်ဟန်ဘင်းဟုခေါ်ပြီး စိတ်ဆိုးနေကျဖြစ်သည်။

"ငါမေးတာဖြေလေ"

ဟန်ဘင်း အခု ဒေါသထွက်နေတာ မဟုတ်ဘဲ အားမလိုအားမရဖြစ်ကာ စိတ်ပျက်နေခြင်းဖြစ်မှန်း ထယ်ရယ် ခန့်မှန်းမိသည်။ အမှန်အတိုင်းပြောရရင်တော့ ဟန်ဘင်းမှမဟုတ် နာမည်ကြီးအနုပညာရှင်တစ်ယောက်နှင့် ရေရှည်မတွဲလိုတာ ထယ်ရယ်ဘက်က မှားတာတော့ မဟုတ်လောက်ဘူး ထင်ပါ၏။

"အင်း ဟုတ်တယ် ပတ်ဟန်ဘင်း၊ မင်းနဲ့ငါက ရေရှည်အဆင်မပြေဘူး...အဲ့တော့ ငါလည်းမင်းကို မေ့လိုက်မယ် မင်းလည်းငါ့ကိုမေ့လိုက်ပြီး အဆိုတော်ဘဝမှာပဲ ပျော်ပျော်နေ အောင်မြင်အောင်လုပ်"

Actually (Wakeonez)✔️Où les histoires vivent. Découvrez maintenant