အပိုင်း ၇၂
ဟော်ယွန်ချန်းက ယွမ့်ထန်းကို အဖော်ပြုပြီးဆေးရုံသို့ လိုက်ပို့ပြီးနောက်တွင် သူ့အား ပြောလာသည်။
“ကိုယ် ကျိုးကျင်းနဲ့ကိစ္စကို တိုင်ပင်စရာ နည်းနည်းရှိသေးတယ် မင်းအရင်သွားနှင့်ပါ။ ကိုယ်က ကားထဲမှာပဲ စောင့်နေမယ်။ မင်း အဆင်သင့်ဖြစ်ပြီး သွားတော့မယ်ဆိုမှ ကိုယ့်ကို လာရှာလှည့်ပါ”
“ကောင်းပါပြီ ချန်းကောကို ဒုက္ခပေးရတဲ့အတွက် အားနာပါတယ်”ယွမ့်ထန်းက ဟော်ယွန်းချန်းလုပ်ပေးသမျှဟာ သူ့အတွက်ဖြစ်ကြောင်း နားလည်နေသည့်အတွက် အလွန်ကျေးဇူးတင်မိသွားသည်။
သူကအပေါ်ထပ်သို့တက်သွားပြီးနောက်တွင် ယွမ့်ယွီက သူနာပြု၏အကူအညီဖြင့် ဆေးဖန်ပေါင်းချောင်ထဲမှထွက်လာပြီး နူးညံ့သောကုတင်ပေါ်တွင် ပြန်လှဲနေပြီဖြစ်ကြောင်း မြင်လိုက်ရသည်။ယွမ့်ယွီကလည်း တံခါးနားတွင်ရပ်နေသည့် အစ်ကိုဖြစ်သူကို မြင်လိုက်ရသည်နှင့် အညိုရောင်မျက်ဝန်းတစ်စုံက တောက်ပသွားတော့သည်။ သူက ပျော်ရွှင်စွာလှမ်းအော်သည်။
“အစ်ကို”
ယွမ့်ထန်းကလည်း ဖျော့တော့စွာပြုံးလိုက်သည်။ သူကယွမ့်ယွီ၏အနားသို့လျှောက်သွားပြီးနောက်တွင် လက်ကိုဆန့်တန်းကာ နူးညံ့သည့်ဆံပင်များကို ပွတ်သတ်လိုက်သည်။
“အစ်ကိုက ဒီမှာပါ ရှောင်ယွီလေး ဗိုက်ဆာနေပြီလား”
“ဆာနေပြီ”
ကလေးက ခေါင်းကို ဆက်တိုက်ငြိမ့်သည်။
ခုံတစ်ခုံကို ဆွဲထုတ်ပြီးနောက် ထိုနေရာတွင် ထိုင်ချလိုက်ပြီး သူယူလာသည့်ဘူးအဖုံးကိုဖွင့်လိုက်သည့်အခါ အလွန်ပြင်းထန်သည့် အသားရနံ့က ချက်ချင်းထိုးထွက်လာတော့သည်။ အနားတွင်ရှိနေပြီး ဆေးဖန်ပေါင်းချောင်ကို ပြန်သိမ်းနေသည့် နက်စ်မကပင် ရုတ်တရက် ရပ်တန့်လိုက်သည်။ သူကတံတွေးကိုမျိုချပြီးနောက် ခေါင်းကိုလှည့်ကြည့်လာသည့်အခါ ယွမ့်ထန်း၏လက်ထဲတွင်ရှိသည့် ထမင်းဘူးထံသို့ရောက်လာသည်။
“အရင်ဆုံးအရွက်ကိုစား ဒါက ကျန်းမာရေးအတွက် ကောင်းတယ်”
ယွမ့်ထန်းက ညီဖြစ်သူကို အရွက်ကြော်အရင်ကျွေးသည်။ ဘူး၏ မြင့်မားသည့် အရည်အသွေးကြောင့် အရသာအပေါ် သက်ရောက်မှုမရှိပဲ ပူနွေးနေဆဲဖြစ်သည်။ ယွမ့်ယွီက နာခံစွာဖြင့် ဟင်းကို စားပြီးနောက် ဟန်းစတားငယ်လေးလိုမျိုး လျင်မြန်စွာ ဝါးစားနေခြင်းက ချစ်စရာကောင်းလွန်းလှသည်။
YOU ARE READING
ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်
Romancefun translation.... fake novel name🙃 pic from pinterest @pngtree ,I also post screenshot😉