[AN - FB ပေါ်က Edit vd လေးကို ကြည့်ပြီး သဘောကျလို့ ရေးလိုက်တာပါ။ ]
Enigma × Dominant Alpha
• • •
Dream Bar ..... ဒီမြို့ရဲ့ နာမည်ကြီး Bar တစ်ခု။
လူသန့်တယ် ။ မျိုးရိုးမြင့်အိမ်တော်က Alpha သခင်လေးတွေတော်တော်များများလာကြတယ် ။ လိုချင်တာမှန်သမျှအကုန်ရတယ်။ အဓိကအချက်ကတော့ Omega အလန်းလေးတွေ အရမ်းပေါတယ် ။အဲ့လိုအလှလေးတွေပေါလို့ပဲ Ricky Shen တို့ မလာပဲမနေနိုင်ကိုဖြစ်နေတာ။ weekend မှာ ကျောင်းက ဘာအိမ်စာမှလည်း မပါလာတာမို့ အစောကြီးထဲက Ricky တို့သူငယ်ချင်းတွေ လာကဲနေတာဖြစ်သည်။
အရင်ကတော့ Omega အလှလေးတွေကို မျက်လုံးနဲ့ပဲငေးနေသမျှ ဒီနေ့တော့ Omega အလှလေးတစ်ယောက်နဲ့ အီစီကလီရိုက်တော့မယ်လို့ Rickyက ဆုံးဖြတ်ထားပြီးဖြစ်သည်။
အခုမှ အီစီကလီစလုပ်တယ်ဆိုပြီး Ricky ကို အထင်မသေးစေလိုဘူး ။ Ricky က ရှန်အိမ်တော်က တစ်ဦးတည်းသော ဆက်ခံသူ Dominant Alpha ။ ရုပ်ကလည်း အပြစ်ပြောစရာမရှိအောင်ချောတဲ့အပြင် မျိုးရိူလည်းမြင့်တာမို့ သူမချူခင်ထဲက ကြွေချင်နေတဲ့ Omega တွေမှအများအပြား။
ရှန်သခင်လေးရဲ့ Pheromones ကို တစ်ခါလောက်အနံ့ခံဖူးရင် သေပျော်ပြီဆိုတဲ့ လူတွေမှ ဒုနဲ့ဒေး။
သူက ချေးများတယ် ။ ချောပေ့ ၊ လှပေ့ ဆိုတဲ့ Omega လေးနဲ့ပဲတွဲချင်လို့ လူရွေးနေရတာ ။၁၉ နှစ်ပဲရှိသေးပေမယ့် ရှန်သခင်လေးရဲ့ စန်းပွင့်မှုကိုတော့ အထင်သေးလို့မရဘူး ။
အလှလေးတွေကို ငမ်းနေတဲ့ Ricky ရဲ့ အာရုံကို ဖမ်းစားသွားတဲ့ တစ်စုံတစ်ခု ။ ထောင့်ကျကျဝိုင်းမှာ Alpha တစ်ယောက်နဲ့အတူထိုင်နေတဲ့ လူတစ်ယောက် ။
သူ့ထက်အသက်ပိုကြီးပုံရတဲ့ ဒီလူက တော်တော်တော့ချောတယ်။ ဂုတ်ထောက်ဆံပင်တွေနဲ့ အညိုရောင် long coat ကို ဝတ်ဆင်ထားတဲ့ဒီလူက အရမ်းကို သဘောကျချင်စရာကောင်းတယ်။အကြည့်မလွှဲပဲ တောက်လျှောက်ကို ကြည့်နေမိတာမို့ ဘေးဝိုင်းကလူတွေတောင် သတိထားမိပေမယ့် ထိုလူကတော့ သိတောင်မသိ ။ ပုံမှန်ဆို မိမိကပဲ အကြည့်ခံ လူတန်းစားဖြစ်ပေမယ့် ဒီတစ်ယောက်နဲ့ကျမှ သူ့သိက္ခာတွေလည်း ရေစုန်မျောနေပြီထင်ပါတယ်။
YOU ARE READING
Paradise Of Minamz
FanfictionKim JiWoong & Ricky Shen [ One short collection ] Thank For Book Cover , My Vitamin@Rhys