Βρυκόλακας

1.4K 131 59
                                    

1867 in Norway ,

နေရာတိုင်းမှာ နှင်းတွေနဲ့ အပြည့်ဖုံးနေပြီး အေးစိမ့်နေတတ်တဲ့ Norway နိုင်ငံ။
အေးစက်လွန်းတဲ့ ဒီနိုင်ငံထဲမှာ အပူချိန်တောင် အမြဲတမ်း အနှုတ်ပြနေတဲ့ Finnmarksvidda ဆိုတဲ့ မြို့လေး။

မနက်ဆို အလုပ်သွားကြတဲ့သူတွေ၊ ညနေဆို အသီးသီးအိမ်ပြန်ကြတဲ့သူတွေနဲ့ မြို့လေးက အေးချမ်းတယ်။ အများအမြင်မှာ အေးချမ်းပေမယ့် မြို့သားတွေပဲ သိတဲ့လျှို့ဝှက်ချက်တစ်ခု။ အရမ်းအေးပြီး နေရောင်တောင်တိုးမပေါက်နိုင်တဲ့ ဒီမြို့လေးရဲ့အကြောက်ရဆုံး အိပ်မက်ဆိုးကဘာဖြစ်နိုင်မလဲ။ နေရောင်‌တိုးမပေါက်မှတော့ နေရောင်ကို ကြောက်တဲ့သူတွေရဲ့ ကျက်စားရာစားကျက်တစ်ခုဖြစ်ပြီပေါ့။

ကိုယ်ရှင်သန်ဖို့သူများရဲ့သွေးကို သောက်သုံးနေရတဲ့သူတွေအတွက်တော့ အခုလိုအချိန်ပြည့်အေးနေပြီး နေရောင်သိပ်မရတဲ့ဒီနေရာဟာ အမှန်ကန်ဆုံးရွေးချယ်မှုပဲ။ ဒါကြောင့်လည်း Finarksvidda မှာ သာမန်လူတွေလိုမျိုးအယောင်ပြပြီးကျက်စားနေတဲ့ Vampire တွေမှ ပေါလို့။

အန္တာရာယ်ကိုကာကွယ်တဲ့အနေနဲ့ မြို့သူမြို့သားတွေက ကြက်သွန်ဖြူတွေ၊ဆားတွေ၊ဂါထာမန္တာန်တွေနဲ့ ကာကွယ်ကြတယ်။ ဒါပေမယ့် သတိလက်လွတ်မိချိန်တိုင်း အသတ်ခံရတော့တာပဲ။ နောက်ပိုင်းပိုဆိုးလာတာက Vampire တွေဟာ ဒီမြို့တစ်ခုတည်းမဟုတ်ပဲ နော်ဝေးရဲ့နေရာအနှံ့မှာ အများအပြား။

ဒီမြို့ရဲ့အခြေအနေနဲ့ ပုံစံတွေကိုမသိတာက ဒီမြို့ကို အခုမှ ရောက်လာတဲ့ အာရှသားလေး Kim .
အပြုံးချိုချိုလူရည်မွန်လေးဖြစ်တဲ့ အာရှသားလေးဟာ Norway မှာတော့ သူ့ကိုယ်သူ James Paul Kim လို့ မိတ်ဆက်ထားလေရဲ့။ ပျူဌာလွန်းလို့ ရောက်တာ တစ်လမပြည့်သေးပေမယ့် မြို့သားတော်တော်များများနဲ့‌တောင် ရင်းနှီးနေပြီ။

တွေ့ဆုံဖို့ကံပါလာခဲ့ရင် မဖြစ်နိုင်တဲ့နည်းနဲ့တောင် တွေ့ကြရမှာပဲ။ လူမျိုးမတူ၊ ဘာသာစကားမတူလည်း ရေစက်ဆိုတဲ့အကြောင်းပြချက်လေးနဲ့ ဆုံခဲ့ကြတဲ့သူနှစ်ယောက်။

-

"ဒီနေ့မှ ဘာလို့လမ်းဟောင်းက လာမိတာလဲမသိဘူး"

Paradise Of MinamzWhere stories live. Discover now