မိုးလေးတဖြိုက်ဖြိုက်ရွာနေတာမို့ မနက်9 နာရီထိုးနေတာတောင် အလင်းရောင်က ခပ်မှိုင်းမှိုင်း။
မိုးအေးအေးနဲ့ အိပ်ရာထဲကွေးနေမိတာမို့ အိပ်ရာထတာ ပုံမှန်ထက်နောက်ကျလိုက်သေးတယ်။ ကုမ္ပဏီသွားဖို့အမြန်ပြင်ဆင်ပြီး အခန်းထဲကထွက်လာလိုက်တော့ အချိန်ဟာ 9 နာရီခွဲခါနီးပြီ။ ဒီလောက်ဆိုရင်တော့ မနက်စားစားနေတဲ့သူတစ်ယောက်ကို သူ မှီပါသေးတယ်။သူတို့အိမ်ရဲ့ဖွဲ့စည်းပုံဟာ လှေကားအဆုံးမှာ ထမင်းစားခန်းရှိတာမို့ အပေါ်ထပ်ကဆင်းလာတာနဲ့ မနက်စာထိုင်စားနေတဲ့သူကို မြင်နေရတယ်။ အညိုရောင်ရှပ်အင်္ကျီလက်ရှည်ကို စတိုင်ပန်အနက်နဲ့တွဲဝတ်ထားသူဟာ ဒီနေ့မှာလည်း ထုံးစံအတိုင်းကြည့်ကောင်းနေပြန်တယ်။ မျက်မှန်မတပ်ထားတာမို့ ဒီနေ့က အရင်နေ့တွေထက် လူငယ်ပိုဆန်နေတယ်။
မနက်စာအတူတူစားချင်ပေမယ့်လည်း သူ့ရဲ့အတွေးများနေတဲ့စိတ်ကြောင့်ပဲ ထမင်းစားခန်းကိုတစ်ချက်ပဲကြည့်ပြီး အိမ်အပြင်ထွက်ဖို့လုပ်တယ်။ ဒါပေမယ့် သူ့လုပ်ရပ်တွေကို လေသံခပ်ပြတ်ပြတ်တစ်ခုက ဟန့်တားနိုင်တယ်။
"မနက်စာမစားဘူးလား ချွမ်းရွေ့"
ကင်ဂျီအွန်းနဲ့ အိမ်ထောင်သက် ၃ လ။
ဒီအချိန်တွေအတွင်း သူတို့နှစ်ယောက်ဟာ မနက်စာ၊ညစာတွေကို တစ်ခါလေးတောင် လက်ဆုံမစားခဲ့ဖူးဘူး။
အလုပ်သွားမယ်၊ အလုပ်ကပြန်လာရင် ကိုယ့်အခန်းထဲမှာပဲနေမယ်။ သူတို့နှစ်ယောက်မျက်နှာချင်းဆိုင်ချိန်ဟာ ချွမ်းရွေ့ဘက်က ပြဿနာရှာတဲ့အခြေအနေမှာပဲဖြစ်တယ်။သူအလုပ်သွားချိန်တိုင်း ကင်ဂျီအွန်းမနက်စာစားချိန်နဲ့ဆုံရင် ချွမ်းရွေ့ကလည်း အတူတူမနက်စာစားချင်တယ်။ ဒါပေမယ့် သူသာ စားပွဲမှာဝင်ထိုင်လိုက်လို့ ကင်ဂျီအွန်းက စိတ်ညစ်သွားရင်ဘယ်လိုလုပ်မလဲ။ စိတ်ဆန္ဒမပါပဲလက်ထပ်လိုက်ရတာမို့ ချွမ်းရွေ့နဲ့အတူတူရှိရင် ကင်ဂျီအွန်းက စိတ်ညစ်မှာပဲလေ။
သူ့တစ်ဖက်တည်းက အတင်းဆွဲထားရတဲ့ကြိုးမို့ ကင်ဂျီအွန်းကို စိတ်ဆင်းရဲအောင်တော့ ချွမ်းရွေ့က ထပ်မလုပ်ချင်ဘူး။ ကင်ဂျီအွန်းရဲ့ မျက်နှာလေးကို နေ့တိုင်းမြင်နေရရုံနဲ့ လုံလောက်ပြီမို့ အတူတူမရှိရလည်း ချွမ်းရွေ့က သည်းခံနိုင်ပါတယ်။
YOU ARE READING
Paradise Of Minamz
FanfictionKim JiWoong & Ricky Shen [ One short collection ] Thank For Book Cover , My Vitamin@Rhys