"လူကြီး ၊ လူကြီး ! "
"ဘာလို့ ခဏ၊ခဏ ခေါ်နေတာလဲ ပိစိ"
ဆိုဖာမှာထိုင်နေတဲ့ ဂျီအွန်း ရဲ့ ပေါင်ကို ခေါင်းအုံးအိပ်နေတဲ့ ချွမ်းရွေ့ ဟာ လှဲအိပ်နေရင်းနဲ့ ဂျီအွန်း ခွံ့သမျှ စတော်ဘယ်ရီသီးတွေကိုလည်း စားနေသေးသည်။ ငြိမ်ငြိမ်လေးထိုင်စားနေတာမဟုတ်ပဲ ပါးစပ်ကနေလည်း ဂျီအွန်း ကို တကြော်ကြော်ခေါ်နေပြန်တယ်။
"နာမည်လေးခေါ်တာကိုတောင် လူကြီးက ငြိုငြင်နေပြီ။ဒီကမ္ဘာမှာ ရှန်ချွမ်းရွေ့ ကို ဘယ်သူမှမချစ်ဘူးဆိုတာ သိလိုက်ပါပြီ "
သက်ပြင်းလေးချကာ လေသံတိုးတိုးလေးနဲ့ ပြောနေတဲ့ ပိစိ က ဗန်းစကားအရဆို ဒရမ်မာမင်းသားလေး။
အခုတလော ရှန်ချွမ်းရွေ့ တို့ အကျင့်ကောင်းတစ်ခုတတ်နေတယ်။ ဂျီအွန်း က ဆူမယ်မကြံလိုက်နဲ့ ၊ မျက်နှာလေးညှိုးပြီး စိတ်မကောင်းသလို ဟန်ဆောင်ပန်ဆောင်ပြောလာရင် ဂျီအွန်း ဘက်က စပြီး ချော့ရတာချည်းပဲ ။ ရှန်ငမွေထိုးလေးက သူ့အပေါ်ကိုလည်း တစ်မျိုးပြီးတစ်မျိုး အနိုင်ယူနေတော့တာပဲ ။လှဲအိပ်နေတဲ့ ချွမ်းရွေ့ရဲ့ကိုယ်လုံးခပ်ပိန်ပိန်လေးကို ဆွဲမပြီး သူ့ပေါင်ပေါ်ပွေ့တင်လိုက်တော့ လက်ဖြူဖြူလေးနှစ်ဖက်က ဂျီအွန်း ပုခုံးပေါ် အလိုလိုရောက်လာတယ်။
ချွမ်းရွေ့ ရဲ့ မျက်လုံးလှလှလေးတွေကို စိုက်ကြည့်လိုက်တော့ မနေတတ်သူက အကြည့်အရင်လွှဲသွားတယ်။"ပြောပါဦး ? ချွမ်းရွေ့ ကို ဘယ်သူမှမချစ်ဘူးဆိုပြီး "
"ဟင့်အင်း"
ခေါင်းကိုတွင်တွင်ခါပြီး မျက်နှာရဲရဲလေးနဲ့ သူ့ပေါ်ကအတင်းဆင်းနေတဲ့ ပိစိဟာ Dominant Alpha ဆိုတာ သူ မယုံနိုင်ဘူး။ လက်သည်းဖွက်ထားတဲ့ ကြောင်ဝါလေးတစ်ကောင်လို သိပ်ချစ်ဖို့ကောင်းလွန်းနေတယ်လေ ။
အောက်ကိုအတင်းငုံ့ထားတဲ့ ချွမ်းရွေ့ရဲ့ မျက်နှာကို မေးစေ့ကနေ မော့ယူကာ အကြည့်ချင်းဆုံစေလိုက်တယ် ။
ချွမ်းရွေ့ မျက်နှာပေါ်ကမွေးညင်းနုနုလေးတွေ ၊ တဖျတ်ဖျတ်ခတ်နေတဲ့ မျက်တောင်လေးတွေ ၊ နှုတ်ခမ်းပိစိလေးအပြင် အစိတ်အပိုင်းတစ်ခုချင်းစီကို အနီးကပ်မြင်တွေ့နေရတာမို့ ဂျီအွန်း ဟာ တံတွေးကို အကြိမ်ကြိမ် မြိုချရတယ် ။သူ့စိတ်ရှိအတိုင်းသာဆို ဒီကလေးရဲ့ အစိတ်အပိုင်းတိုင်းကို သူ့အနမ်းတွေနဲ့ ထိတွေ့ပစ်ပြီးပြီ။
YOU ARE READING
Paradise Of Minamz
FanfictionKim JiWoong & Ricky Shen [ One short collection ] Thank For Book Cover , My Vitamin@Rhys